Wednesday, December 29, 2010

'ကန်'ဒေါ်လာ ရှစ်သန်းခွဲကျော် ကုန်ကျမည့် ကုလားတန်မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးစီမံကိန်း ဆိပ်ကမ်းတည်ဆောက်မှုစတင်

0 Comment
သိန်းလင်း

အမေရိကန်ဒေါ်လာ ရှစ်သန်းခွဲကျော် ကုန်ကျမည့် မြန်မာ-အိန္ဒိယ ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင် ရေး စီမံကိန်းဆိပ်ကမ်း တည်ဆောက်ရေး အုတ်မြစ်ချအခမ်းအနားကို ယခုလ ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြုလုပ် ခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး HE Dr Villur Sundararajan Seshadri နှင့် အိန္ဒိယ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ၊ လုပ်ပိုင်ခွင့်ရ အိန္ဒိယကုမ္ပဏီ Essar Projects (India) Ltd နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Continue reading →
Monday, December 20, 2010

ကမ္ဘာ့ရှားပါးစာရင်းဝင် ရေညှောင့်နှုတ်ဝိုင်းငှက်မျိုးစိတ်အား လေ့လာမည်

0 Comment
စစ်တွေ၊ ရခိုင်ပြည်နယ် စစ်တွေ ကမ်းရိုးတန်း နံ့သာကျွန်းတွင် တွေ့ရှိရ သည့် ကမ္ဘာ့ရှားပါး စာရင်းဝင်ရေညှောင့်နှုတ် ၀ိုင်းငှက်(Spoon Billed Sandpiper)မျိုး စိတ်မှာ မျိုးသုဉ်း ပျောက်ကွယ် သွားတော့မည့် အခြေအနေတွင်ရှိနေပြီး ဇီဝမျိုးကွဲနှင့် သဘာ ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်း(BANCA)မှ မကြာမီလာရောက် ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း သိရသည်။

ရေညှောင့်နှုတ်ဝိုင်းငှက်သည် ဆောင်းခိုငှက် တစ်မျိုးဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့(IUCN)မှ မျိုးသုဉ်းပျောက်ကွယ်သွား တော့မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော ငှက်များစာရင်းတွင် ထည့်သွင်း ထားပြီး နှစ် ၅၀အတွင်း ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိ ပါက လုံးဝမျိုးသုဉ်းပျောက်ကွယ်သွားတော့ မည့် အခြေအနေတွင် ရောက်ရှိနေပြီး ၎င်းင်းကို အချိန်မီထိန်းသိမ်းရန် အရေးတကြီး လိုအပ် နေပြီဖြစ်ကြောင်း သိရသည်။ 

Continue reading →

စစ်တွေရေနက်ဆိပ်ကမ်းစီမံကိန်း ဆိပ်ကမ်းမြေနေရာအတွက် လူလုပ်ကုန်းမြေတည်ဆောက်မှုစတင်

0 Comment
စစ်တွေ၊ စစ်တွေရေနက်ဆိပ်ကမ်းစီမံ ကိန်း ဆိပ်ကမ်းမြေနေရာအတွက် ကုလား တန်မြစ်ရှိ ဖောင်တော်ကြီးနှင့် မင်းကြီး ကျောက်တန်း ဖောင်တော်အကြား မြေ နေရာသုံးဧကတွင်  ကျောက်စီသဲစုခြင်း ဖြင့် လူလုပ်ကုန်းမြေ စတင်တည်ဆောက် ပြီဖြစ်ကြောင်း သိရသည်။

ယခုအခါကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်းနှင့် စစ်တွေရေနက် ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းများ ကို နိုဝင်ဘာလ လယ်ခန့်မှ စတင်ဆောင် ရွက်လျက်ရှိပြီး လုပ်ငန်းများ ကြီးကြပ် ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံ အက်ဆာ ကုမ္ပဏီမှ အခြေစိုက်ရုံးခွဲကို စစ်တွေတွင် ဖွင့်လှစ် ထားရှိပြီးဖြစ်ကြောင်း သိရသည်။ ထို့အတူ တန်ချိန် ၆၀၀၀ သင်္ဘောကြီးများ ဆိုက်ကပ်ကုန်တင်ကုန် ချပြုလုပ်နိုင်မည့် ဆိပ်ခံတံတားတည် ဆောက်ရန် အတွက် ဆိပ်ကမ်းနယ်မြေ အတွင်းမြေသားစမ်းသပ်မှုများကိုလည်း ကျွမ်းကျင်သူများဖြင့် ဆောင်ရွက်လုပ် ကိုင်လျက် ရှိနေပြီဖြစ်သည်။
Continue reading →
Tuesday, December 14, 2010

ဂီရိမုန်တိုင်းသင့်ဒေသတွင် မိုးသည်းထန်၍ လေပြင်းထပ်တိုက်

0 Comment
ရခိုင်ပြည်နယ် ဂီရိဆိုင်ကလုန်းဒဏ်အများဆုံး ခံခဲ့ရသော မြေပုံမြို့နယ်တွင် ပြီးသည့်ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သောကြောင့် အနည်းငယ်ကျန်ရှိခဲ့သည့် စပါးခင်းများ ထပ်မံပျက်စီးသွားပြီး ယာယီ နေအိမ်များ ပျက်စီးသွားကြောင်း၊ ထိုသို့ အခက်အခဲများ ဆက်တိုက် ကြုံတွေ့နေရသော်လည်း NGO အဖွဲ့တချို့မှလွဲ၍ အာဏာပိုင်များက တစုံတရာ ကူညီဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ကြားသိရသည်။ 


ဧရာဝတီ Tuesday, 14 December 2010 12:21 သတင်းတိုများ 
Continue reading →
Friday, December 10, 2010

ဂီရိမုန်တိုင်းသင့်ဒေသ ကလေးများ ပညာသင်ကြားရေး ခက်ခဲနေ

0 Comment
ခင်ဦးသာ

ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဒေသမှ ကလေးငယ်များ 
(ဓာတ်ပုံ - AP)
ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိဆိုင်ကလုန်း လေဘေးဒဏ် ခံခဲ့ရသော မြို့နယ်များမှ ကျေးရွာတချို့၌ စာသင်ကျောင်းများ ပျက်စီးသွားခြင်း၊ စားဝတ်နေရေး ခက်ခဲနေခြင်းတို့ကြောင့် ကလေး အများစုမှာ ပညာဆက်လက် သင်ကြားရေး ခက်ခဲနေကြောင်း သိရသည်။
 စာသင်ဖို့နေရာ အပြင် စာပြဖို့ ဆရာ၊ ဆရာမ ဆက်မငှား နိုင်ကြတော့ဘူး။ အတန်ကြီးတဲ့ ကလေး အများစုက ကျောင်း ထွက်ကြ ရလိမ့်မယ် ထင်တယ်ဟု ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် မြေပုံမြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
Continue reading →
Wednesday, December 8, 2010

ရခိုင်သားတို့ဖျော်ဖြေမယ့် ဂီရိမုန်တိုင်းရန်ပုံငွေပွဲ

0 Comment
ဇွန်ပန်းပွင့်
 
ဂီရိလေ မုန်တိုင်း ပြန်လည်ထူထောင် ရေးလုပ်ငန်း တွေမှာ တစ်ဖက်တစ်လမ်း ကနေကူညီနိုင်ဖို့အတွက် 'ရှင်သန်နိုးထ အာရက္ခ' လို့ အမည်ပေးထားတဲ့ ရန်ပုံငွေရခိုင် အနုပညာဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
 
ရန်ပုံငွေဖျော်ဖြေပွဲမှာ လေးဝတီရခိုင် အနုပညာအဖွဲ့ နဲ့အတူ Plus Three Bandက တီးခတ်ပေးမှာ ဖြစ် သလို ရခိုင်တိုင်းရင်းသား ရုပ်ရှင် သရုပ်ဆောင်တွေ လည်း ပါဝင်ဖျော်ဖြေကြမယ်လို့ သိရ ပါတယ်။
Continue reading →

ဂီရိမုန်တိုင်းသင့်ဒေသအတွက် နိုင်ငံတကာအကူအညီ အမေရိကန် ဒေါ်လာ ၁၈ သန်းသာ ရရှိထားသေး

0 Comment
ဖြူဖြူဇင်

အောက်တိုဘာလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဂီရိဒဏ်သင့် ခဲ့သူများအား အရေးပေါ် အကူအညီပေးရန်နှင့် ပြန် လည်ထူထောင်ရေးအတွက် အကူအညီ အမေရိကန် ဒေါ်လာ ၅၃ သန်း လိုအပ်ကြောင်း ကြေညာထားပြီး လက်ရှိအချိန်အထိ ဒေါ်လာ ၁၈ သန်းဖိုးသာ သုံးစွဲ နိုင်သေးကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ညှိနှိုင်း ရေးမှူး မစ္စတာဘီရှိုး ပါရာဂျူလီက ပြောကြားသည်။

Continue reading →
Monday, December 6, 2010

မြေပုံမြို့နယ် ကြက်မူတောင်ကျွန်းရွာတွင် ဂီရိဒုက္ခသည်များ အကူအညီလိုအပ်နေ

0 Comment
မြေပုံမြို့နယ် ထုံချောင်းအုပ်စု ကြက်မူတောင်ကျွန်းရွာ တွင် နေထိုင်သည့် ဂီရိဒုက္ခသည်များ စားဝတ်နေရေး အကူအညီ လိုအပ်နေကြောင်း ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင်ပေးပို့သည့် သတင်းရ သိရှိရသည်။ 

အောက်တိုဘာလ ၂၂ ရက်နေ့က ရခိုင်ပြည်အတွင်း ၀င်ရောက် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းကြောင့် မြေပုံမြို့နယ် ကြက်မူတောင်ကျွန်းရွာတွင် အိမ်ခြေ၄၁ အိမ် လုံးဝပျက်စီးသွားခဲ့ပြီး လူဦးရေ ၁၄၆ ယောက် အိုးအိမ်မဲ့ဖြစ်ကာ ယခုအချိန်အထိ စားဝတ်နေရေး အကူအညီများလိုအပ်နေကြောင်း သိရှိရသည်။ 

Continue reading →
Sunday, December 5, 2010

ရခိုင်ပြည်နယ်၏ ငါးဖမ်း လုပ်ငန်းနှင့် အသေးစား မွေးမြူရေး လုပ်ငန်းများကို FAO မှ ကူညီမည်

0 Comment


                  မုန်တိုင်းကြောင့် ပျက်စီးခဲ့သော စပါးခင်းများ 
ဂီရိမုန်တိုင်းဒဏ် သင့်ခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် အချို့တွင် ဆန်စပါး အထွက်နှုန်း လျော့ကျ နိုင် သည့် အခြေအနေရှိနေသဖြင့် ငါးဖမ်းလုပ်ငန်းနှင့် အသေးစား မွေးမြူရေး လုပ်ငန်းများကို ကူညီရန် ကုလ သမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FAO) က စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ကြောင့် လယ်ယာမြေ အမြောက်အများ ပျက်စီးခဲ့ပြီး မုန်တိုင်း တိုက်ခတ် ချိန်မှာ မိုးလွန်ကာလ ဖြစ်သဖြင့် စပါးကို ပြန်လည်မစိုက်ပျိုးနိုင်သဖြင့် ယခုကဲ့သို့ ငါးဖမ်းလုပ်ငန်းနှင့်အသေး စား မွေးမြူရေး လုပ်ငန်းများကို ထူထောင်ပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

Continue reading →