Saturday, January 29, 2011

တတိယအကြိမ်မြောက် ရခိုင်ရိုးရာ ပန်းရထားဆွဲပွဲ စစ်တွေတွင် ကျင်းပမည်

0 Comment

မေဃ၀တီ 
 
၂၀၁၁-ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ရခိုင်ရိုးရာ ပန်းရထားဆွဲပွဲတော်ကို စစ်တွေမြို့၊ ကမ်းနားလမ်း၊ မိဇံရပ်ကွက်တွင် တတိယအကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုပြုလုပ်မည့် ပန်းရထားဆွဲပွဲသည် နှစ်ပေါင်း ၄၀ ကျော်အတွင်း တတိယအကြိမ်မြောက်အဖြစ် စစ်တွေမြို့တွင် ကျင်းပမည်ဖြစ်ကာ ပွဲကို လက်ခံကျင်းပသည့်ရပ်ကွက်သည် ဓလေ့ထုံးတမ်း အရ (၃) နှစ်ဆက်တိုက် ကျင်းပရမည်ဖြစ်သည်။

Continue reading →
Monday, January 24, 2011

ရှယ်ယာဝင် ဦးရေ ၁ သိန်းခန့် စုပေါင်းပြီး အများပိုင်ကုမ္ပဏီအဖြစ် ပြုလုပ်သွားမည်ဟု RNDP ပြော

0 Comment

ရှယ်ယာငွေကျပ်သိန်းပေါင်း ၁ သောင်းဖြင့် ကုမ္ပဏီလုပ်ငန်းတည် ထောင်ရန် ရခိုင်ပါတီမှ စီစဉ်နေပြီး ၂ဝ၁၁ မတ်လခန့်တွင် အကောင် အထည်ဖော် ဆောင်သွားနိုင် မည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

ရှယ်ယာတစ်ခုကို ၁ သိန်း နှုန်းနဲ့ လူဦးရေ ၁ သိန်းလောက် စုပေါင်းပြီး အများပိုင်ကုမ္ပဏီအဖြစ် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်လည်း ရှယ်ယာပါမယ်လို့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ ပါတီ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့တော့ ကင်းပါတယ်။ ကုမ္ပဏီကို ဦးဆောင်မယ့် သူတော့ မရှိသေးပါဘူး။ အများအားဖြင့်တော့ ကုမ္ပဏီလုပ်ငန်းကျွမ်းကျင် သူတွေပဲ ဦးဆောင်သွားရမှာပါဟု ၄င်းကဆို သည်။

Continue reading →
Sunday, January 23, 2011

၂၀၀၉-ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု နေတိုး ရရှိ

0 Comment
မေဃ၀တီ
၂၀၀၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲအား နေပြည်တော် မြို့တော်ခန်းမရှိ လေဟာပြင် ကဇာတ်ရုံတွင် ပဉ္စမအကြိမ်မြောက်အဖြစ် ဇန်နဝါရီလ ၂၃ ရက်နေ့ (ယနေ့)၌ ပြုလုပ်ကျင်းပလျက်ရှိကာ မိုးညအိမ်မက်မြူ ရုပ်ရှင်ဇာတ်ကားကြီးတွင် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို နေတိုးက ရရှိသွားပြီး အမျိုးသမီးဇာတ်ပို့ဆုအဖြစ် စိုးပြည့်သဇင်က ရရှိသွားသည်။

အတိတ်ရဲ့အရိပ် ဇာတ်ကားတွင် အသံဆုကို ဆန်းဦးနှင့်အဖွဲ့၊ ဓါတ်ပုံဆုကို ကိုကိုဌေးနှင့်အဖွဲ့ကရရှိကာ ဇော်က ကနေသည် ဇာတ်ကားတွင် တေးဂီတဆုကို ဓီရာမိုရ်၊ ဒါရိုက်တာဆုကို မီးပွားတို့ကရရှိသွားပြီး ကျောက်စက်ရေ ဇာတ်ကားတွင် တည်းဖြတ်ဆုကို ဇော်မင်း(ဟံသာမြေ)ကရရှိကာ  အကောင်းဆုံးဇာတ်ကားဆုကို “ကြိုးကြာတောင်ပံခတ်သံ” ဇာတ်ကားက ရရှိပြီး ၎င်းကားတွင် ဇာတ်ညွန်းဆုကိုလည်း မြင့်ဦးဦးမြင့်က ရရှိသွားကြောင်း သိရသည်။ 

မိုးညအိမ်မက်မြူ ရုပ်ရှင်ဇာတ်ကားကြီးတွင် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိသွားတဲ့ မေဃ၀တီ (မာန်အောင်)ဇာတိဖြစ်တဲ့ ကိုနေတိုးကို ကျနော်တို့ မေဃ၀တီညီအကိုများက အထူးပင် ဂုဏ်ယူ ၀မ်းမြောက်မိပါကြောင်း ဖော်ပြအပ်ပါတယ်။
Continue reading →

ကြိတ်ကြိတ်တိုး ၀ယ်ယူအားပေးခဲ့ကြတဲ့ နေတိုးရဲ့ “စေ့ထားသောတံခါးများ”စာအုပ်

0 Comment

ရုပ်ရှင်လောကမှာ ၁၀ နှစ်ကျော်တိုင် အောင်မြင်မှုများနဲ့ ရပ်တည်လာခဲ့တဲ့ သရုပ်ဆောင်နေတိုးက သူ့ရဲ့ပရိတ်သတ်များအတွက် စေ့ထားသောတံခါးများ (Mini-Biography and Fashion) စာအုပ်ကို ၂၀၁၁-ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ စတင်ပြီး ဖြန့်ချိပေးလိုက်ပြီလို့ သိရပါတယ်။

Continue reading →
Thursday, January 20, 2011

ရသစုံညီ မြောက်ဦးမြေဆီ

0 Comment

သန်းသန်းစိုး(ကျောက်ဖြူ)

ကျောင်းသွား တက်ရတော့မယ် ဆိုတဲ့ အသိနဲ့ ကျွန်မတစ်ယောက် ပီတိတွေ ဖြာနေလိုက်တာများ သစ်ရွက်လှုပ်တာ မြင်ရင်တောင် ရယ်ချင်တဲ့ မြီးကောင်ပေါက် မလေးလိုပေါ့။

ခရီး ထွက်ရတာ ၀ါသနာ ပါလှတဲ့ ကျွန်မ အတွက်တော့ ကိုယ့်နယ် မဟုတ်တဲ့ အရပ် ဒေသမှာ ကျောင်းသွား တက်ရတာဟာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ အရာပါ။ နောက်ဆုံးနှစ် ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း အိမ်တန်း မပြန်ကြဘဲ ဘုရားဖူး သွားကြတာ၊ သူငယ်ချင်းတွေရဲ့ မြို့ကို လိုက်လည် တတ်ကြတဲ့ အကျင့် စရိုက်လေးတွေလည်း ရှိတော့ ခါတိုင်းနှစ်ထက် ဒီနှစ်ကို ကျွန်မ ပိုရင်ခုန်မိသား။ ဒီနှစ်က ခါတိုင်း နှစ်တွေထက်ကို ထူးခြား နေတာလည်း အမှန်ပါ။ ဒုတိယ အသုတ်မှာ ကျတဲ့ အင်္ဂလိပ်စာ မေဂျာက ကျွန်မတို့ စစ်တွေမှာ ကျောင်းတက်ရင်း သီတင်းကျွတ် ပွဲနဲ့ တန်ဆောင်တိုင် ပွဲကို ဆင်နွှဲခွင့် ရတဲ့နှစ်ပေါ့။
Continue reading →

စစ်တွေမြို့နယ်အတွင်း AH1N1 ရောဂါ ဖြစ်ပွားခြင်းကြောင့် သတိပေးနှိုးဆော်မှုများ ပြုလုပ်

0 Comment

စစ်တွေမြို့နယ် ဘုမေကျေးရွာ အုပ်စုအပိုင်၊ သဲချောင်း လက်သမား ကျေးရွာမှ ကြက်ခြံတစ်ခြံရှိ ကြက်ကောင်ရေ ၈၀၀ မှ ၇၀၀ သည် ရက်အနည်းငယ်အတွင်း သေဆုံးသွားခဲ့ရသဖြင့် ရန်ကုန်သို့ပို့ပြီး စစ်ဆေးခဲ့ရာတွင် အဆိုပါ ကြက်များသည် ကြက် ငှက်တုတ်ကွေးရောဂါ AH1N1 ဖြစ်ပွားနေကြောင်းကို သိရှိရသဖြင့် သတိထား ရှောင်ကြည့်ကြရန် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက မြို့အနှံ့ လိုက်လံသတိပေး နှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Continue reading →
Wednesday, January 12, 2011

“ရှင်သန်နှိုးထ အာရက္ခ” တေးဂီတဖျော်ဖြေပွဲမှရရှိသည့် ငွေကျပ် တစ်ရာ့တစ်ဆယ့်တစ်သိန်းအား အလိုတော်ပြည့်ဆရာတော်ကြီးထံသို့လှူဒါန်း

0 Comment

၂၀၁၀-ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ လေးဝတီတေးဂီတအဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ ရှင်သန်နှိုးထ အာရက္ခတေးဂီတဖျော်ဖြေပွဲကရရှိတဲ့ ငွေကျပ် တစ်ရာ့တစ်ဆယ့်တစ်သိန်းကို  ပထမအကြိမ်အဖြစ် အလိုတော်ပြည့်ဆရာတော် ဘဒ္ဒန္တအရိယ၀ံသ ထံသို့လှူဒါန်းကြောင်း သိရှိရပါတယ်။

Continue reading →
Sunday, January 2, 2011

လူပေါင်း ၆၅၀၀ ကျော်အားပေးခဲ့တဲ့ "ရှင်သန်နိုးထ အာရက္ခ" တေးဂီတပွဲတော်

0 Comment
မေဃ၀တီ

"ရှင်သန်နိုးထ အာရက္ခ" အမည်ဖြင့် တေးဂီတ အနုပညာပွဲတော်ကို ၂၀၁၀-ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် သုဝဏ္ဏအား ကစားရုံမှာ ပြုလုပ်ကျင်းခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲတော်သို့ မြန်မာအသံ မြ၀တီရုပ်သံဌာနMRTVပဉ္စ၀တီFMမှ သတင်းထောက်များပြည်တွင်း ပြည်ပ သတင်းထောက်များ၊ နိုင်ငံခြား သံတမန်များဖြစ်ကြသော စင်ကာပူသံရုံး၊ အိန္ဒိယသံရုံး၊ အမေရိကန် သံရုံး၊ ထိုင်းသံရုံး၊ သီရိလင်္ကာသံရုံး၊ အစိုးရ၀န်ကြီးဌာနများနှင့်   ရန်ကုန်ရောက် ရခိုင်မိသားစုများ အပါအ၀င် ပရိတ်သတ် ၆၅၀၀ ကျော်က နှစ်သစ်ကိုကြိုဆိုသောအားဖြင့် လာရောက် အားပေးခဲ့ကြတယ်လို့ သိရှိရပါတယ်။ 

ပွဲတော်ကို လေးဝတီတေးဂီတအဖွဲ့(ရန်ကုန်)မှ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ အလိုတော်ပြည့် ဆရာတော်ဘုရားကြီးအားအမှူးထား၍ ရခိုင်ပြည်နယ် ဂီရိမုန်တိုင်း ကယ်ဆယ်ရေးရံပုံငွေရရှိရေးအတွက် ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး Naing Group, Champion, Cheery Oo, Zizawa Pharmaceutical Company, ZMH Universal Trading Company, ပြည့်စုံဝင်းနိုင် Co. Ltd., Imperial Jade, Sakura Electric, ထက်လင်းဆေးကုမ္ပဏီ၊ မဟာမိတ် Air Com တို့က ပွဲဖြစ်မြောက်ရေးအတွက် အဓိက ကူညီပေးခဲ့တာဖြစ်ပါတယ်။
တေးဂီတာပွဲတော်ကို ရခိုင်စည်တော်များဖြင့် တီးခတ်ဖွင့်လှစ်ခြင်း၊  "ဗုဒ္ဓပူဇနိယ" ယိမ်း"ရှင်သန်နိုးထ အာရက္ခ" ပွဲတော်အဖွင့်သီချင် ဥက္ကာဦးသာ ၏ (Plus+3 Music Band) အဖွဲ့နှင့် အရိုင်း၊ခိုင်မြတ်မင်း၊ မိချော၊ဘုန်းသျှန်၊ စိမ်းလဲ့လဲ့၊နေထက်လင်းတို့၏ ဖြေဖျော်မူများ ခန်စည်သူ နှင့် ဦးရိုင်းတို့၏ ဂီတတံခါးလေးဖွင့်ပါဦး ပျော်စရာစုံညီ ရခိုင်ပြည်က သုံးရာသီ ယိမ် စေနှင်းနွယ်၊မောင်ကိုကို၊ရတနာ၊ဒိုးအ်ရီ၊ စံမဒီ၊ အယ်လ်ကိုလင်း၊ ယုယုလိုင်၊နေတိုး၊မင်းသွေး တို့၏ သီချင်းများ၊ ဦးအောင်လွင်၊ဦးမောင်သိန်း၊ ကိုကိုနိုင်တို့၏ ဗျာလ တေးသရုပ်ဖေါ်ယေဓမ္မာဝေသလီ ယိမ်း(အဆို စိမ်းလဲ့လဲ့) စောနံသာ၊ သူထူစံ၊ သီရိနန္ဒာစိုးနှင့်အဖွဲ့၊ လပ၊မျိုးသန့်ဇင်၊ဇင်မာထွန်း၊ ညီညီ၊မိုင်၊ရတနာမိုင် မောင်အေးသိန်း၊ ကိုဦးမောင်သိန်း တို့၏သီချင်းများ၊ မင်းလေ့ရခိုင်ငါ့လေ့ရခိုင် ယိမ်း (အဆို ဦးအောင်လွင်)ရခိုင်မြန်မာရုပ်ရှင် သရုပ်ဆောင်များ၏ (ဇာဖြစ်လိုလဲ) တစ်ခန်းရပ်ပြဇာတ်တို့အပြင် ရှင်သန်နိုးထ အာရက္ခ သီချင်းဖြင့် ပွဲတော်ကို ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း source ကို အလိုတော်ပြည့်မှ ယူထားပါသည်။
Continue reading →