Saturday, October 30, 2010
Friday, October 29, 2010
မြေပုံမြို့နယ်တွင် မုန်တိုင်း ဒုက္ခသည်များအား ကိုယ်တိုင် သွားရောက် ကူညီပေးနေသူ တဦးနှင့် ယနေ့ နံနက်က ဆက်သွယ် မေးမြန်းချက်
မေး။ ။ မုန်တိုင်းတိုက်ခိုက်ခဲ့တဲ့ မြေပုံမြို့နယ်က အခြေအနေ ဘယ်လိုရှိပါလဲ
ဖြေ။ ၊ မုန်တိုင်းတိုက်ခိုက်ခဲ့တဲ့အခြေအနေက ကျွန်တော်တို့ စုံစမ်းသလောက်က ကျေးရွာ ၅၀ မှာ အိမ်ခြေ ၆၀၀၀ ကျော်ပျက်တယ်။ အိမ်ခြေ ၆၀၀ ကျော်လောက်ဘဲ ကျန်ပါတယ်။ သေတဲ့လူစာရင်းက ရွာ ၅၀ကျော် က စာရင်းကို ကောက်ယူလိုက်တဲ့ အခါ သေဆုံးသူ ၁၀၀ ကျော်စာရင်းရပြီးပြီ။
မဇ္ဈိမသတင်းဌါနမှ ဂီရိလေမုန်တိုင်းဒဏ်ခံရသည့် နေရာများမှ ဒေသခံမျာအား မေးမြန်းချက်
ခိုင်စု
နယူးဒေလီ (မဇ္ဈိမ)။ ။ ဂီရိမုန်တိုင်းဒဏ်ကို လွန်ခဲ့သည့် တပတ်ခန့်က အဆိုးရွားဆုံး ခံခဲ့ရသည့် ရခိုင် ပြည်နယ် မြေပုံနှင့် ပေါက်တော မြို့နယ်များတွင် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
ယခုလ ၂၂ ရက်နေ့တွင် တနာရီလျှင် မိုင် ၁ဝဝ ခန့် လေတိုက်နှုန်းရှိ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ယခု ၂ မြို့နယ်တွင် နေထိုင်ကြသည့် ဒေသခံများသည် ၎င်းတို့ အားထားလုပ်ကိုင်သည့် လယ်ယာနှင့် ရေလုပ်ငန်း အများအပြား လက်လွှတ်ဆုံးရှုံးခဲ့ကြရသည်။
မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများ၊ အာဏာပိုင်များနှင့် အလှူရှင်များ အကူအညီပေးအပ်မှု၊ လက်ရှိ ကျန်းမာရေးနှင့် ပြန်လည်တည်ဆောက်ရေး အခြေအနေ၊ စားနပ်ရိက္ခာ လိုအပ်ချက်နှင့် ရွေးကောက်ပွဲအပေါ် အမြင်များကို သိရှိနိုင်ရန် ဒေသခံအချို့ထံ ဆက်သွယ်မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

Thursday, October 28, 2010
လူငယ်ကာတွန်းဆရာ စတုန်း (မေဃ၀တီ)၏ ရုပ်ပြောင် ကာတွန်းကဏ္ဍ လာပြီ
လူငယ်ကာတွန်းဆရာ စတုန်း (မေဃ၀တီ)၏ ရုပ်ပြောင် ကာတွန်းများကို မေဃ၀တီ ဘလော့တွင် ပုံမှန်ဖော်ပြပေးသွားပါမည်။
Wednesday, October 27, 2010
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ အထူးကြေငြာချက် ၁/၂၀၁၀
၂၀၁၀-ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် သောကြာနေ့တွင် ရခိုင်ကမ်းရိုးတမ်းကို မိုင်ပေါင်း ၁၂၀ ကျော်နှုန်း ဖြင့် ၀င်ရောက် တိုက်ခတ် သွားခဲ့သော ဂီရီဆိုင်ဂလုံးမုန် တိုင်းကြီးနှင့်ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထူးကြေငြာချက် ၁/၂၀၁၀ ကို ယနေ့ ထုတ်ပြန်ကြေငြာလိုက်ပါသည်။
Tuesday, October 26, 2010
Saturday, October 23, 2010
Subscribe to:
Posts (Atom)