သတင်း

နှစ်ပေါင်း ၅၀ အတွင်း ဆုံးရှုံးမှုကြီးမားသော မုန်တိုင်းဖြစ်စဉ် ကိုးကြိမ် ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် အဓိကသက်ရောက်ခဲ့





မန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ အတွင်း ဆုံးရှုံးမှုကြီးမားခဲ့သော မုန်တိုင်းဖြစ်စဉ်ကိုးကြိမ် ဖြစ်ပွားခဲ့ပြီး ယင်း မုန်တိုင်းများမှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် အဓိက သက် ရောက်ခဲ့ကြောင်း သိရှိရသည်။ 

၁၉၆၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကျောက်ဖြူမုန်တိုင်းမှာ မေလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ကျောက်ဖြူမြို့အနီးမှ မြန်မာ့ ကမ်းရိုးတန်းသို့ ၀င်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီမိုင် ၁၀၀ နှုန်းဖြင့် တိုက်ခတ်ခဲ့ခြင်းဖြစ်ကာ ကျောက်ဖြူခရိုင်နှင့် ပုသိမ်ခရိုင်တို့အား သက်ရောက်ခဲ့ကြောင်း၊ ပျက်စီး ဆုံးရှုံးမှုစုစုပေါင်း တန်ဖိုးကျပ်သန်း ၃၀ ခန့်ရှိ ခဲ့ကြောင်း သိရသည်။

၁၉၆၈ ခုနှစ် မေလ ၇ ရက် နေ့မှ ၁၀ ရက်နေ့ အထိတိုက်ခတ်ခဲ့သော ကျောက်ဖြူမုန်တိုင်းသည်လည်း စစ်တွေမြို့အနီးမှ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့ရာ စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ မင်း ပြားမြို့နယ်များ တွင် သက်ရောက် ခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သန်းပေါင်း ၈၀၀ ခန့်ရှိခဲ့ကာ လူ ၁၀၀၀ ကျော်ခန့် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

၁၉၇၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပုသိမ်မုန်တိုင်းမှာ မေလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ပုသိမ်မြို့ အနီးမှ ၀င်ရောက်ခဲ့ရာ ပျက်စီးဆုံး ရှုံးမှုတန်ဖိုးကျပ်သန်းပေါင်း ၇၇၆ သန်းခန့်ရှိခဲ့ပြီး လူဦးရေ ၃၀၀ ခန့်   သေဆုံး ခဲ့ကြောင်း သိရှိရသည်။

၁၉၇၈ ခုနှစ် ကျောက်ဖြူ မုန်တိုင်းမှာ မေလ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျောက်ဖြူမြို့အနီးမှ ၀င်ရောက်တိုက်ခဲ့ရာ ကျပ် သန်း ပေါင်း ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

၁၉၈၂ ခုနှစ်တွင် ရခိုင်ပြည်နယ် ဂွမုန်တိုင်းသည် မေလ ၄ ရက် နေ့၌ ဂွမြို့အနီးမှ ၀င်ရောက်ခဲ့ရာ ဂွမြို့ နယ်အပါအ၀င် မြို့နယ်ခြောက်မြို့နယ်ကို သက်ရောက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး သန်း ၇၀ ခန့်ရှိ ခဲ့ကာ လူငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၀၄ ခုနှစ် ရခိုင်ပြည်နယ် စစ်တွေခရိုင်မုန်တိုင်းမှာမူ မေလ ၁၉ ရက်နေ့တွင် တိုက်ခတ်ခဲ့ပြီး  စစ်တွေ၊ မြေပုံ၊ မင်းပြား၊ ပေါက်တောမြို့နှင့် ကျောက်ဖြူမြို့များကို သက်ရောက်ခဲ့၍ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကျပ် သန်းပေါင်း ၁၈၃ သန်း ခန့်ရှိခဲ့ပြီး လူ ၂၀၀ ခန့်သေဆုံးခဲ့ကြောင်း သိရသည်။
-------------------------------------------------------------------------------------------------------------
မုန်တိုင်း အဓိကဖြစ်ပွားနိုင်သည့် ဒေသများမှာ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ဖြစ်ပြီး မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း တစ်ခါတစ်ရံ  ဖြစ်ပွားနိုင်ကြောင်း ..
-------------------------------------------------------------------------------------------------------------
၂၀၀၆ ခုနှစ် ဧပြီလ ၂၀ ရက် မှ ၂၄ ရက်နေ့များတွင် မာလာမုန်တိုင်း တိုက်ခတ်ခဲ့ပြီး ကျပ်သန်း ပေါင်း ၁၂၆၃ သန်းခန့် ဆုံးရှုံးခဲ့ကာ လူ ၃၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၀၇ ခုနှစ်မေလ ၁၄ ရက် နေ့တွင် ဖြစ်ပေါ်ခဲ့သော အကာ့ရှ် မုန်တိုင်းမှာလည်း ရခိုင်ပြည်နယ်စစ် တွေခရိုင်နှင့် ကျောက်ဖြူခရိုင်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင် သက်ရောက်ခဲ့ပြီး လူ ၁၀ ဦးကျော် သေဆုံးခဲ့ကာ ကျပ်သန်းပေါင်း ၅၈၀ ကျော် ဆုံးရှုံးခဲ့ကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုနှင့် လူသေဆုံးမှု အများဆုံးဖြစ်ခဲ့သည့် နာဂစ်မုန်တိုင်းမှာ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် သက်ရောက်ခဲ့ပြီးလူဦးရေ ၈၀၀၀၀ ကျော်သေဆုံးခဲ့ကာ၊ လူဦးရေ ၅၀၀၀၀ ကျော် ပျောက်ဆုံးခဲ့ကြောင်း စုစုပေါင်းပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၁ ထရီလီယံခန့်ရှိ ခဲ့ကြောင်း သိရှိရပါသည်။

ယင်းမုန်တိုင်းများအပြင် ယခု ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရခိုင် ကမ်းရိုးတန်းကို ၀င်ရောက်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်းမှာ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ အမ်း၊ ပုဏ္ဏားကျွန်း စသည့်မြို့များကို သက်ရောက်ခဲ့ပြီး လူဦးရေ ၂၀ ကျော်ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မုန်တိုင်း အဓိကဖြစ်ပွားနိုင်သည့် ဒေသများမှာ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ဖြစ်ပြီး မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်း တိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း တစ်ခါတစ်ရံ  ဖြစ်ပွားနိုင်ကြောင်း သိရသည်။

EMG သတင်း

 

ဂီရိကြောင့် ရခိုင်တွင် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယူအန် အစီရင်ခံစာတွင် ဖေါ်ပြ


ထွန်းထွန်း

အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိကြောင့် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယမန်နေ့က ထုတ်ပြန်သော ယူအန် အစီရင်ခံစာတွင် ဖေါ်ပြသည်။

မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံး ခံလိုက်ရသည့် မြို့နယ်များမှာ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြားမြို့နယ်တို့ ဖြစ်ကြောင်းနှင့် အဆိုပါ မြို့နယ် ၄ ခုထဲတွင် အပျက်အစီး အများဆုံးဒေသမှာ ကျွန်းသာယာ (မြေပုံ)နှင့် ဖရုံကာကျွန်း (ပေါက်တော) ဖြစ်ကြောင်း အစီရင်ခံစာတွင်ဖေါ်ပြထားသည်။

စစ်အစိုးရဘက်မှ ထုတ်ပြန်ချက်ကို ကိုးကားပြီး သေဆုံးသူ ၄၅ ဦး၊ ပျောက်ဆုံး ၁၀ ဦးနှင့် ဒဏ်ရာရသူ ၄၉ ဦး ဖြစ်ကြောင်း ဖေါ်ပြရေးသားသည်။

၎င်းပြင် ခန့်မှန်းခြေအရ စိုက်ပျိုးနေသော လယ်မြေ ဧကပေါင်း ၁၇၅၀၀ မှာ လုံးဝပျက်စီးခဲ့ပြီး အခြေခံမူလတန်း ကျောင်းပေါင်း ၂၇၉ လုံးနှင့် အလယ်တန်းကျောင်းပေါင်း ၂၄ လုံး၊ အထက်တန်း ကျောင်း ပေါင်း ၁၅ လုံးမှာပျက်စီးသွားကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖေါ်ပြသည်။

ယူအန်နှင့် အစိုးရ အဖွဲ့အစည်းတွေမှ လေဘေး အကူအညီများ ဖြန့်ဝေပေးနေသော်လည်း ထိုဒေသတွင် ဖြန့်ဝေနေသော ကယ်ဆယ်ရေး ပစ္စည်းများဖြစ်သည့် အစားအစာ၊ ရေသန့်၊ ဆေးဝါး၊ ရေဘေး ဒုက္ခသည်များ ကျန်းမာရေးနှင့် အခြေအနေ အရပ်ရပ်ကို အနီးကပ် စောင့်ကြပ် ပေးရန် အကြီး အကျယ် လိုအပ်နေကြောင်းလည်းဖေါ်ပြထားသည်။

အောက်တိုဘာ ၂၉ ရက်နေ့က wfp အဖွဲ့မှ ဆန်အိပ်ပေါင်း ၅၄၀ လုံးကို မြို့နယ်လေးခုမှ အိမ်ခြေပေါင်း ၁၁၀၅၀ ကို တလအတွက် ဖြန့်ဝေ ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၈/၂၉ ရက်နေ့က စစ်တွေမြို့ရှိအစိုးရအရာရှိများနှင့် အင်ဂျီအိုအဖွဲ့များဖြစ်သည့် RC/HC, UNHCR, UNDP and OCHA မှကိုယ်စားလှယ်များနှင့် UN, INGO/NGO တွေ့ဆုံ ဆွေးနွေးချက် အရ ၂၉ ရက်နေ့ က ယူအန်မှတချို့ကိုယ်စားလှယ်များ ပေါက်တောမြို့နယ်သို့ သွားရောက် ကြည့်ရှုခဲ့သည်ဟု ဆိုသည်။

မုန်တိုင်း ကျရောက်ခဲ့သည့် တချို့နေရာများသို့ အလှူပစ္စည်းများ သယ်ယူ ပို့ဆောင်ရန် လမ်းပန်း ဆက်သွယ်ရေး ဆိုးဝါးနေသဖြင့်အခက်အခဲများ ရှိနေကြောင်း အစီရင်ခံစာတွင်ဖေါ်ပြထားသည်။

နိရဉ္စရာ သတင်း

ကျောက်ဖြူတွင်ရေဘေးဒုက္ခသည်များ အရေးပေါ် အကူအညီများလိုအပ်နေ

Maygawaddy မှမေးမြန်းချက်

ကျောက်ဖြူမြို့ပေါ်တွင် ရေဘေးဒုက္ခသည်များအတွက် အရးပေါ်အကူအညီများလို့အပ်နေကြောင်း ယနေ့ စက်တင်ဘာ (၂၄) ရက် မြန်မာစံတော်ချိန် ၂ နာရီ ၅ မိနစ်အချိန် မေးမြန်းချက်တွင် ဒေသခံ အမျိုးသမီး တစ်ဦး၏ ပြောပြချအရသိရသည်။

 “ရေဘေးဒုက္ခသည်တွေကတော့ ကညင်တောစာသင်ကျောင်းမှာ ၅၀၀ ကျော်လောက်ရှိတယ်။ အထက (၂)မှာလည်း ၅၀၀ ကျော်လောက်ရှိတယ်။ နောက်တခြားဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်း တွေမှာလည်း ရေဘေးဒုက္ခသည်တွေ အများအကြီးရှိတယ်လို့ကြားတယ်။ အခုကတော့ ထမင်းထုတ်တွေ လိုက်ဝေ နေတယ်။ ကျောက်ဖြူ အလက(၃)နှင့် ပညာရေးကော်လိပ်က စောမဲကြည်အဆောင်ဆိုရင် လုံးဝပျက်စီးသွားတယ်။ ကျောက်ဖြူမှာတော့ တော်တော်လည်း ဆိုးဆိုးရွားရွားပျက်စီးသွားတယ်။ မပျက်စီး တဲ့ အိမ်တောင်မကျန်ဘူး။ စေတီတောင်ကွင်းနဲ့ ဆားပြင်ကွင်းမှာဆိုရင် ဆက်လက် ရေမြုပ် နေတုန်းပဲ ရှိသေးတယ်။ ရေကလုံးဝကျမသွားသေးဘူး။ အိမ်တွေကတော့ အကုန်လုံးရေမြုပ်နေတာပေါ့။ ကျောက်ဖြူ နယ် တွေမှာလည်း အပျက်အစီးများတယ်လို့ကြားတယ်။ တချို့ရွာတွေဆိုရင် အိမ်တွေလုံးဝ ပျက်စီးသွားတယ် လို့ကြားတယ်။ ၀ါးဈေးကလည်းအရမ်းဈေးကြီးတယ် ၀ါး ၁၀၀ ကို ၂ သောင်းခွဲရှိတယ်။  စစ်တပ်က လေယာဉ် တစ်စီးနဲ့ ပစ္စည်းတွေ သယ်လာတယ်လို့လည်းကြားတယ်။ ဒါပေမယ့် အဲ့ဒီပစ္စည်းတွေက ရေဘေးဒုက္ခသည် တွေ အတွက်တော့မဟုတ်ဘူး။ စစ်တပ်မှာပျက်စီးသွားတာတွေကို ပြန်လုပ်ဖို့နဲ့ ရေဘေးဒ်ခံရတဲ့ စစ်တပ် မိသားစုတွေကို ကူညီဖို့သယ်လာတာလို့တော့သိရတယ်။ ရေဘေးဒုက္ခသည်တွေကိုတော့ အာာပိုင်တွေက ထိထိရောက်ရောက် ကူညီပေးတာတော့မရှိသေးဘူး။ ဒီနေ့ရာသီဥတုအခြေအနေကတော့ ကောင်းပါ တယ်”ဟု ၎င်းဒေသခံကဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေနှင့် ပြန်လည် ဆောက်လုပ်ရေး ပစ္စည်း အရေးတစ်ကြီး လိုအပ်တယ်လို့ ဒေသခံကဆက်လက်ပြောကြားပါတယ်။

မုန်တိုင်းကြောင့် ပုဇွန်ကန်၊ ဆားပြင်ကွင်းတွေပျက်စီးတယ်။ စပါးသိုလှောင်ရာနေရာများ၊ ကျောက်ဖြူမြို့ အမှတ် (၁) နှင့် အမှတ် (၂) သင်္ဘောဆိပ်ကမ်း၊ ငလပွေ့သင်္ဘောဆိပ်ကမ်းများလည်း လုံးဝပျက်စီး သွား ကြောင်း၊ ကျောက်ဖြူမြို့နယ်ကို ပတ်ထားသည့် ရေမဝင်အောင် တားဆီးထားသော ရေငန်တာကြီး လည်း ကျိုးပေါက်သွားခဲ့ကြောင်း သိရှိရသည်။

ဂီရိ မုန်တိုင်း တိုက်ခတ်မှုကြောင့် မာန်အောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ မြေပုံ၊ မင်းပြား၊ စစ်တွေ၊ ပေါက်တောမြို့နယ်များတွင် ထိခိုက်မှုများရှိခဲ့သည်။ ယခုအချိန်တွင် သေဆုံးသူများ စာရင်းကို အတိအကျ မရရှိသေးပါ။
  
နောက်ဆက်တွဲရရှိသည့် သတင်းများကိုလည်း ဖော်ပြပေးပါမည်။

ကျောက်ဖြူတွင် လေမုန်တိုင်းတိုက်ခတ်၍ အပင်များကျိုးနေပြီ


Maygawaddy မှမေးမြန်းချက်


ကျောက်ဖြူမြို့ပေါ်တွင်လေမုန်တိုင်း တိုင်ခတ်မှုအားတဖြည်းဖြည်းပြင်းလာသောကြောင့် အပင်ကျိုး တာတွေ ကို တွေ့နေရကြောင်း ဒေသခံတစ်ဦးကို မြန်မာစံတော်ချိန် ၁ နာရီ ၁၅ တွင်ဖုန်းဖြင့် မေးမြန်းရာတွင် ပြောကြားသည်။

“ ဒီနေ့မနက်ပိုင်းကတော့ အစိုးရက အသံချဲ့စက်နဲ့ သတိပေးနေတာကိုတော့ကြားလိုက်ရတယ်။ ရေအမြင့် ၅ ပေကနေ ၈ ပေအထိမြင့်တက်နိုင်တယ်ဆိုပြီး ကြေငြာတာတွေလည်းရှိတယ်။ တချို့မြစ်နားမှာနေတဲ့ လူတွေ ကတော့ စိုးရိမ်ပြီး ပစ္စည်းတွေပြောင်းတာကို တွေ့နေရတယ်။ အစိုးရကတော့ ဘာမှကူညီပေးတာ တော့မရှိ သေးဘူး။ အပင်တွေတော့ ကျိုးနေတာတွေရှိနေပြီ လေကတဖြည်းဖြည်းတော့ပြင်းလာတယ်ဗျာ။ အပင် ကြီးတွေ ကျိုးတာတော့ မတွေရသေးဘူး။ ဗန်ဒါ ပင်တို့လို အပင်ငယ်တွေကျိုးတာတော့တွေ့နေရတယ်။ လေကတော့ တဖြည်းဖြည်း ပြင်းလာ မယ်ထင်တာပဲ။  ဟု ၎င်းဒေသခံက ဆိုသည်။ 

update သတင်းများကို ဆက်လက်ဖော်ပြပါမည်

ဆိုင်ကလုန်းမုန်တိုင်း ဂီရိ ပိုမိုအားကောင်းလာ၊ နာဂစ်မုန်တိုင်းနီးပါး အားကောင်းလာနိုင်သဖြင့် ကယ်ဆယ်ရေးအစီအစဉ်များ စတင်လုပ်ဆောင်သင့်


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန် တိုင်းဂီရိသည် လက်ရှိတွင် အနီရောင် အဆင့်ကို ရောက်ရှိလာပြီး ပိုမိုအားကောင်းလာနိုင်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည်    အောက်တိုဘာလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီ အချိန် တိုင်းထွာချက်များအရ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ယနေ့နံနက်မှ နောက် ၁၈နာရီအတွင်း ရခိုင်ကမ်းရိုးတန်းဒေသကို ကျောက်ဖြူမြို့နှင့် စစ်တွေ မြို့ အကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနမှ သိရသည်။ 
 

ဆိုင်ကလုန်းဂီရိသည် Category ၁ အဖြစ် အားကောင်းသွားပြီး မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းကို ဦးတည်နေကာ တစ်နာရီ ၈၁ မိုင်နှုန်းအထိ အားကောင်းခဲ့ပြီး အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် စစ်တွေမြို့အနီး ကမ်းရိုးတန်းကို ၀င်ရောက်တိုက်ခတ်ပြီး တစ်နာရီ ၉၁ မိုင် (၁၄၈ ကီလိုမီတာ) အထိအင်အားပြင်းလာနိုင်သည်ဟု အမေရိကန်နိုင်ငံ မုန်တိုင်းသတိပေးရေးစင်တာမှ ထုတ်ပြန်ထားပါသည်။

လက်ရှိအနေအထားထက် ပိုမိုအားကောင်းလာပါက နာဂစ်မုန်တိုင်းနီးပါး အားကောင်း လာနိုင်ဖွယ်ရာ ရှိသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယခုကတည်းက စတင်လုပ်ဆောင်သင့်ကြောင်းလည်း ခန့်မှန်း ပြောကြားမှုများ အရသိရသည်။

မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည် ကုန်းမြေကို ၀င်ရောက်မတိုက်ခတ်မီ ၂၀၀၈ ခုနှစ် မေလ ၁ ရက်နေ့တွင် Category ၂ ရှိခဲ့ပြီး နောက်တစ်ရက်တွင် Category ၄ အဆင့်ဖြင့် ၀င်ရောက်ခဲ့ ကြောင်း၊ ယခုမုန်တိုင်းမှာ ကုန်းမြေ မ၀င်ရောက်မီ Category ၁ ဖြစ်နေပြီး ပိုမိုအားကောင်းလာနိုင်သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပြင်ဆင်သင့်ပြီဖြစ်ကြောင်းလည်း သိရှိရသည်။

Source: Eleven Media Group

ဆိုင်ကလုန်းမုန်တိုင်း ဂီရိ (၂၄)နာရီအတွင်း စစ်တွေမြို့နှင့် ကျောက်ဖြူမြို့အကြားမှ ဖြတ်ကျော်မည်ဟု သိရှိရ



ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် အရှေ့ မြောက်ဖက်သို့ အနည်းငယ်ရွှေ့လျားပြီး ကျောက်ဖြူမြို့၏ အနောက်တောင်ဖက် မိုင်(၁၄၀)ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်း သတင်းထုတ်ပြန်ချက်များ အရသိရသည်။ ဆိုင်ကလုန်းဂီရိသည် ပိုမို အားကောင်းလာနိုင်ပြီး ယခု ညမှ ၂၄ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ အကြားမှ ဖြတ်ကျော်မည်ဟု မိုးလေ၀သနှင့် ဇလဗေဒဦးစီးဋ္ဌာန၏ အောက်တိုဘာလ (၂၁)ရက်နေ့ ည(၁၀) နာရီ အချိန်ထုတ်ပြန်ချက်အရသိရသည်။ 

အဆိုပါ ဆိုင်ကလုန်း ဂီရိသည် လက်ရှိတွင် လိမ္မော်ရောင်အဆင့်ဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းကို ဦးတည် ရွှေလျားနေကြောင်း သိရသည်။ မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကာ ရေပြင်၊ မြေပြင်လေသည် တစ်နာရီမိုင်(၅၀)အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။ ထို့ကြောင့် ပင်လယ်ကမ်း နီးကမ်းဝေး ငါးဖမ်း ရေယာဉ်များ မုန်တိုင်းအန္တရာယ် သတိပြုနိုင်ရန် အသိပေးထားသည်။ 'အခု မိုးနည်းနည်းရွာနေပါတယ်။ လေပြင်းပြင်းထန်ထန် တိုက်ခတ်တာမျိုးတော့ မရှိပါဘူး'ဟု စစ်တွေမြို့တွင် နေထိုင်သူတစ်ဦးက အောက် တိုဘာလ (၂၁)ရက်နေ့ ည(၉း၀၀)နာရီ အချိန်ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါသည်။

wunderground.com ၏ ဖော်ပြချက်အရ မုန်တိုင်းသည် လက်ရှိအချိန်တွင် ပင်လယ်ပြင်တွင်သာရှိနေပြီး မြန်မာစံတော်ချိန်နံနက်  (၆း၀၀) နာရီခန့်တွင် ကုန်းတွင်းပိုင်းသို့ စတင်ဝင်ရောက်ဖွယ် ရှိကြောင်း သိရသည်။ မုန်တိုင်း၏အရှိန်မှာ တစ်နာရီလျှင် (၃၉)မိုင်မှ (၇၃)မိုင်အတွင်း ရှိသည့် မုန်တိုင်းအဖြစ် သတ်မှတ်ထားသည်။

accuweather.com ၏ဖော်ပြချက်အရ ဆိုင်ကလုန်းဂီရိသည် ရမ်းဗြဲကျွန်းသို့ (သို့မဟုတ်) ရမ်းဗြဲကျွန်း အနီးသို့ သောကြာနေ့ (အောက်တိုဘာလ ၂၂ ရက်နေ့) အစောပိုင်းတွင် ၀င်ရောက်ဖွယ် ရှိကြောင်း သိရသည်။ 




ဆိုင်ကလုန်း ဂီရိသည် ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်ဖြစ်ပေါ်လာခဲ့ပြီး အပူပိုင်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အောက်တိုဘာလ(၂၁)ရက်နေ့တွင် ဆိုင်ကလုန်း အဆင့် သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မြောက်အိန္ဒိယ သမုဒ္ဒရာပိုင်းဒေသ ဆိုင်ကလုန်းမုန်တိုင်းများ အလှည့်ကျ အမည်သတ်မှတ်မှုအရ ယခုမုန်တိုင်းအား ဂီရိဟူသော အမည်ပေးထားခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးသော အမည်ဖြစ်သည်။ ကမ်းရိုးတမ်း တစ်လျှောက်နှင့် ရခိုင်ရိုးမအကြား ဧရိယာ တစ်လျှောက်တွင် မိုး သည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးမှုများကြုံရနိုင်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသအချို့နှင့် ရန်ကုန်မြို့ တို့တွင် မုန်တိုင်း၏ လမ်းကြောင်းတောင်ဖက်သို့ ရွေ့လျားမှုမရှိလျှင် သက်ရောက်မှုကို အနည်းငယ်သာ ခံစား ရမည်ဟု သိရသည်။
 


Source: Eleven Media Group


မာန်အောင်တွင် ကားမှောက်၍ အမျိုးသမီး တစ်ဦး သေဆုံး

 ပါတီတွေ ငွေကြေးအရ ပွင့်လင်းမြင်သာမှုရှိဖို့ RNDP တိုက်တွန်း 

 ရွေးကောက်ပွဲ နောက်ဆုတ်ရန် ၂ဝဝ၇ ကျောင်းသားများ တောင်းဆို 

 

ရခိုင်ဆရာတော် ဦးပညာစာရကို မည်သည့်ထောင် ပြောင်းရွှေ့မှန်း မသိရ

ထောင်ဒဏ် ၈ နှစ်ကျော် ချမှတ်ခံထားရတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းက သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရကို စစ်အစိုးရ အာဏာပိုင်တွေက မိသားစုနဲ့ ရှေ့နေကို အကြောင်းမကြားပဲ စစ်တွေ အကျဉ်းထောင်ကနေ အခြားထောင်တခုကို ပြောင်းရွှေ့လိုက်တယ်လို့ ဆရာတော့်ကို အောက်တိုဘာ ၁၈ ရက် ဒီကနေ့ ထောင်ဝင်စာ သွားတွေ့ဖို့ ကြိုးပမ်းခဲ့သူတွေက RFA ကို ပြောပါတယ်။

ဒကာ ဒါယကာမတွေအနေနဲ့ ဆရာတော် ဘယ်ထောင်ကို ပြောင်းရွှေ့ခံရတယ်ဆိုတာ ဆက်လက် စုံစမ်း နေကြဆဲ ဖြစ်တယ်လို့ ဆရာတော်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။ 
ထောင်ဝင်စာ တွေ့ခွင့်ပြုထားတဲ့ ဆရာတော်ရဲ့ တူ ဒကာပေါ့လေ၊ အဲဒါ ဒီနေ့ သွားပြီးတော့ ထောင်ဝင်စာ သွားတွေ့တဲ့ အချိန်မှာမှ မရှိတော့ဘူးဆိုတာပဲ သိရပါတယ်။ ဘယ်ကို ပို့လိုက်လဲဆိုတော့ မသိပါဘူးပေါ့။ မရှိဘူးဆိုတာကိုပဲ အတည်ပြုလိုက်ပါတယ်။ ဘယ်ထောင်ကို ပို့လဲဆိုတာတော့ အခုထိ မသိရသေးပါဘူး။ ဆိုတော့ ဒီနေ့တော့ စုံစမ်းနေကြပါတယ်။ ဒကာတွေ အဖွဲ့ကပေါ့။ 
ဆရာတော် ဦးပညာစာရဟာ သက်တော် ၅၇၊ ဝါတော် ၃၇ ဝါ ရှိပြီး၊ အခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ ကတည်းက လူဝတ်လဲ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ စစ်အစိုးရက ဆရာတော်ကို ဖမ်းဆီးပြီးနောက် ဘာသာ သာသနာ ညှိုးနွမ်းစေမှု၊ သာသနာ့မြေကို ငှားရမ်း အသုံးပြုမှု၊ နိုင်ငံတည်ငြိမ်ရေးကို ထိပါး နှောင့်ယှက်မှု၊ လိမ်လည်မှု၊ စည်ပင်သာယာ အက်ဥပဒေ၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ နိုင်ငံခြား ငွေလဲလှယ်ရေး အက်ဥပဒေ စတဲ့ ပုဒ်မ ၇ ခုတပ် တရားစွဲဆိုခဲ့ပြီး၊ စက်တင်ဘာလ ၂၉ ရက်နေ့က ထောင် ဒဏ် ၈ နှစ်နဲ့ ၃လအပြင် ငွေဒဏ် ကျပ်ငွေတသောင်း ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ 
ဆရာတော်ဟာ စစ်တွေ အကျဉ်းထောင်မှာ ရှိခဲ့စဉ်အတွင်း အာဟာရ ချို့တဲ့မှုကြောင့် ဖောရောင်တဲ့ ဝေဒနာ ခံစားနေခဲ့ရတယ်လို့လည်း သိရပါတယ်။


Source: RFA

မဲပေးခွင့်ရှိသူ အမည်စာရင်းများ ကြေညာ


ရန်ကုန်၊ စက်တင်ဘာ ၂၂- မဲပေးခွင့် ရှိသူများ၏ အမည်စာရင်းကို ရပ်ကွက် ကော်မရှင်ရုံးများ၌ စက်တင် ဘာ ၂၀ရက်တွင် ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။

မဲပေးနိုင်ခွင့်ရှိသော်လည်း အမည်စာရင်းတွင် မပါရှိသူများမှာ စက်တင်ဘာ ၂၆ရက်နောက်ဆုံးထားကာ ရပ်ကွက်ကော် မရှင်ရုံးသို့ သွားရောက်အကြောင်းကြားနိုင် သည်ဟု သိရသည်။

ယင်းသို့ မဲပေးခွင့်ရှိသူများ၏ အမည်စာရင်းကို ရပ်ကွက်ကော်မရှင်ရုံး၌ ထုတ်ပြန်ကြေညာ ထားကြောင်းကို သိရှိနိုင် စေရန် ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီမှ ရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် စက်တင်ဘာ၂၀ရက် ညပိုင်း တွင် လိုက်လံအသိပေး ကြေညာသည်ဟု သိရသည်။   

 ''ည ၉နာရီလောက်က အသံချဲ့ စက်နဲ့လိုက်အော်တာ ရွေးကောက်ပွဲမှာ မဲ ထည့်ခွင့်ရသူတွေ စာရင်းကို ရပ်ကွက်ကော် မရှင်ရုံးမှာ ကပ်ထားတယ်။ လာကြည့်ကြပါ။ နာမည်မပါတဲ့သူတွေ ၂၆ရက် နောက် ဆုံးထားပြီး လာပြောလို့အော်သွားတယ်။ တချို့ဆို ရပ်ကွက်ကော်မရှင်ရုံးဆိုတာ ဘာကိုပြောမှန်းခုချိန်ထိ မသိကြသေးဘူး''ဟု တောင်ဒဂုံ (၂၀)ရပ်ကွက်တွင် နေထိုင်သူ ဦးကိုလတ်က ပြောသည်။

အဆိုပါ ကြေညာချက်သည် ၂၀၁၀ပြည့်နှစ်နိုဝင်ဘာ ၇ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူများ၏ အမည်စာ ရင်းဖြစ်သည်။ 

Source: YMG  

ရန်ကုန်-ကျောက်ဖြူလမ်းပိုင်းရှိ ခွေးတောက်ချောင်းတံတား ထပ်မံကျိုးကျ
 


တောင်ကုတ်၊ ရန်ကုန်-ကျောက်ဖြူလမ်းပိုင်းရှိ မအီတောင်ကုတ် လမ်းပိုင်းအတွင်းရှိ ခွေးတောက် ချောင်း တံတားပေါ်မှ ဆယ်ဘီး ယာဉ်တစ်စီးနှင့် သယ်ဆောင်လာသော မြေတူး၊ မြေကော်စက် ယာဉ်ကြီးတစ်စီးတို့ ဖြတ်သန်းမောင်းနှင်စဉ် ကျိုးကျသွားကြောင်း သိရသည်။

ခွေးတောက်ချောင်းတံတားမှာ တောင်ကုတ်မြို့နယ်၊ မအီမြို့ မော်စံပြရွာရှိ လ၀ူးချောင်း တံတားအနီး တည်ရှိကာ ပေ ၁၅၀ ရှည်သော ဘေလီသံပေါင် သစ်သားကြမ်းခင်း တံတား ဖြစ်ကြောင်း နှင့် စက်တင်ဘာ ၂၈ရက် နံနက် ၉နာရီ၄၅မိနစ်တွင် မြေတူး ယာဉ်တင် ဆောင် လာသော ဆယ်ဘီးကားက မအီမြို့ဘက်မှ လ၀ူးဖော်ရွာ(တောင်ကုတ်မြို့) ဘက်သို့ ဖြတ်သန်းမောင်းနှင်စဉ် ကျိုးကျခြင်းဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ၁၃တန်ဖြစ် ကြောင်း သိရသည်။

''
မနှစ်ကလဲ ဒီတံတားရဲ့ ဒီနေရာကပဲ နစ်ဆန်းကင်တာ ခြောက်ဘီး တစ်စီးကျိုးကျ ခဲ့တယ်။ ဒီတံတားကျိုးတာ သုံးလေး ကြိမ်ထိရှိသွားပြီ။ ဖြစ်လိုက်ရင် အခုလို ကြီးကြီးမားမားပဲ၊ ဒါပေမဲ့ ကံကောင်းတာက လူအထိ အခိုက်မရှိခဲ့ဖူးဘူး''ဟု မထသလိုင်း ခွဲ(၂)မှ ကော်မတီဝင်တစ်ဦးက ပြောသည်။

Source: YMG


ရခိုင်ပြည်နယ် ၀မ်ဖိုက် ဒီရေတောအား FAO ထိန်းသိမ်းမည့် စီမံကိန်း အကောင်အထည် ဖော်တော့မည်

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသရှိ ၀မ်ဖိုက်ဒီရေတောအား ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ FAO က ထိန်းသိမ်းသွားမည် ဖြစ်ပြီး ထိန်းသိမ်းရေး စီမံကိန်းအား လာမည့် နိုဝင်ဘာလတွင် အကောင်အထည် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ကျောက်ဖြူဒေသရှိ ၀မ်ဖိုက်ဒီရေတောကြီးသည် ကျောက်ဖြူနှင့် စစ်တွေကြားရှိ မုန်တိုင်းလမ်းကြောင်းဟု သတ်မှတ်ထားသော နေရာတစ်ခု ဖြစ်ပြီး အဆိုပါ ဒီရေတောကြီး ရှင်သန်ရန် အတွက် များစွာ အရေးကြီးကြောင်း သိရသည်။ ဒီရေတောကြီးသည် ဒေသခံများကြောင့် ပျက်စီးပြုန်းတီးမှုများ ရှိနေခြင်းကြောင့် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်နေရကြောင်း သိရသည်။

FAO မှ ၀မ်ဖိုက်ဒီရေတောအား ထိန်းသိမ်းရေး စီမံကိန်းတွင် ဒေသခံများအား အသိပညာပေးရေး အစီအစဉ် ဒီရေတောအတွင်း ကျက်စားနေထိုင်သော သက်ရှိသတ္တ၀ါနှင့် ဂေဟစနစ်ကို သုတေသနပြုမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်သည် ဘင်္ဂလား ပင်လယ်အောင်နှင့် နီးကပ်စွာတည်ရှိနေသည့် ဒေသတစ်ခုဖြစ်ပြီး သဘာဝ ဘေးအန္တရယ် ခြိမ်းခြောက်မှုကို နှစ်စဉ် ကြုံတွေ့နေရသည့် ဒေသတစ်ခုလည်း ဖြစ်ရာ ယင်းအတွက် ကမ်းရိုးတန်းရှိ ဒီရေတောများ ဖွံ့ဖြိုးရေးမှာ များစွာ အရေးပါကြောင်းလည်း သိရသည်။

Source: Zaygwet 

ကိုယ်ကြိုက်တဲ့ပါတီကိုသာ အမှန်ခြစ်ရမည်၊ ကိုယ်မကြိုက်တဲ့ပါတီကို အမှားခြစ်ရန် မလိုပါ

ကိုယ်ကြိုက်နှစ်သက်သည့် ပါတီကိုသာ အမှန်ခြစ်ရမည် ဖြစ်ပြီး ကိုယ်မကြိုက်နှစ်သက်သည့် ပါတီအား အမှား ခြစ်ရန် မလိုကြောင်း ထိုသို့ အမှားခြစ်လိုက်မည် ဆိုပါက ပယ်မဲဖြစ်သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသော ဥပဒေများအရ သိရသည်။

လက်ရှိတွင် မဲပေးရန် ဆန္ဒရှိနေသူများထဲ၌ မည်သို့ မဲပေးရမည်ကို သေချာ မသိရှိသူများ ရှိနေကြောင်း နှင့် မဲပေးမည့်သူ အချို့သည် မိမိတို့ ကြိုက်နှစ်သက်ရာ ပါတီကို အမှန်ခြစ် မဲပေးမည် ဖြစ်သကဲ့သို့ မိမိ မနှစ်မြို့ သော ပါတီကိုလည်း တစ်ပြိုင်နက် အမှားခြစ်လိုသူများ ရှိနေကြောင်း မဲပေးလိုသည့် ပြည်သူများထံမှ သိရသည်။

မဲပေးခြင်းနှင့် ပတ်သက်၍ ဥပဒေပညာရှင် အထက်တန်းရှေ့နေ တစ်ဦးက ပြောကြားခဲ့ရာ ''မဲပေးတာနဲ့ ပတ်သက်ပြီး ပြည်သူတွေကြားမှာ အမျိုးမျိုး ခံယူထားကြတယ်။တချို့ကတော့ ကြိုက်တဲ့ပါတီ၊ ပိုယုံကြည်တဲ့ ပါတီဆိုပြီး သူတို့ရင်ထဲမှာရှိတယ်။ မနှစ်မြို့အောင် ဖြစ်ရတဲ့ပါတီဆိုတာ မရှိဘူး။အဲဒီတော့ ရှင်းတယ်။ သူတို့လို မဲပေးမယ့်သူတွေက မဲလက်မှတ်မှာ အမှန်ခြစ် တစ်ခုပဲ ခြစ်မယ်လို့ ကာယကံရှင်တွေဆီက သိရတယ်။ တချို့ကတော့ အဲဒီလို မဟုတ်ဘူး။ ကြိုက်တဲ့ပါတီကို ကြိုက်တဲ့အကြာင်း မဲလက်မှတ်မှာ အမှန် ခြစ်ပြီး သက်သေပြသလိုပဲ မနှစ်သက် မယုံကြည်တဲ့ ပါတီကိုလည်း အမှားလေးပါ တစ်ပြိုက်နက်ခြစ်ပြီး မနှစ်မြို့ကြောင်း သက်သေပြချင်သူကလည်း ရှိတယ်လို့ သိရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မဲပေးဖြစ်အောင် သွားပေးပါ။ ကိုယ်မကြိုက်ကြောင်း ကိုယ်လက်မခံကြောင်းကို မဲမပေးဘဲ သက်သေပြတာထက် ကိုယ်မကြိုက် ကြောင်း သက်သေပြချင်ရင် ကိုယ်ကြိုက်တဲ့ ပါတီကို အမှန်ခြစ်တစ်ခုတည်းပေးပြီး သက်သေပြခြင်းက တိုင်းပြည်ရဲ့ အပြောင်းအလဲ တစ်ခုအတွက် တစ်ခန်းတစ်ကဏ္ဍက ပါဝင်ကူညီရာ ရောက်မှာပါ။ အမှားခြစ်ပါ ထည့်ခြစ်လို့ ပယ်မဲဖြစ်သွားရင် အားလုံးနစ်နာရမှာပါ''ဟု အကြံပေး ပြောကြား ခဲ့ပါသည်။

 ''ဆန္ဒမဲလက်မှတ်ကို ရရှိလျှင် ဆန္ဒမဲပေးသူသည် လျှို့ဝှက်ဆန္ဒပြုခန်း အတွင်းသို့ ၀င်၍ ဆန္ဒမဲလက်မှတ် ပေါ်တွင် မိမိ မဲပေးလိုသော လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမည်နှင့် သင်္ကေတ အမှတ်အသား တည့်တည့်တွင် ရှိသော လေးထောင့်အကွက် အတွင်း၌အမှန်() အမှတ်အသား ပြုရမည်။ ထို့နောက် မိမိဆန္ဒပြုထားသည်ကို သူတစ်ပါး မမြင်နိုင်စေရန် ဆန္ဒမဲလက်မှတ်ကို ခေါက်၍ သတ်မှတ်ထားသည့် မဲပုံးအတွင်းသို့ ထည့်ရမည်။ မဲပုံးထဲသို့ ထည့်ရမည့် ဆန္ဒမဲ လက်မှတ်တွင် မဲရုံမှူး၏ လက်မှတ်နှင့် ဆန္ဒမဲ လက်မှတ်ပါ လေးထောင့်အကွက် အတွင်း၌ မဲဆန္ဒရှင် ဆန္ဒပြုထားသော အမှတ်အသားတို့မှတစ်ပါး အခြား မည်သည့်အမှတ်အသားမျှ မပါဝင်စေရ''ဟူ၍ ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲ နည်းဥပဒေများ ၄၁(ခ) တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။

ဆန္ဒမဲပေးသူသည် ဆန္ဒမဲ လက်မှတ်ရှိ အမည်များကို မဖတ်တတ်လျှင် သို့မဟုတ် ညွှန်ကြားထားသည့် အတိုင်း ဆန္ဒမဲ မပေးတတ်လျှင်လည်းကောင်း၊ မျက်မမြင်ဖြစ်လျှင် လည်းကောင်း၊ သက်ဆိုင်ရာ မဲစာရင်း၌ ပါရှိသော မဲဆန္ဒရှင်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ ညီအစ်ကိုမောင်နှမ အရင်း တစ်ဦးဦးသည် ဆန္ဒမဲပေးသူက ညွှန်ကြားသည့်အတိုင်း သတ်မှတ်ထားသည့် နေရာတွင် ဆန္ဒမဲလက်မှတ်၌ လျှို့ဝှက် ဆန္ဒပြု ရမည် ဖြစ်ကြောင်း၊ ယင်းပုဂ္ဂိုလ်များ မရှိခဲ့လျင်  မဲရုံမှူးသည် ယင်းပုဂ္ဂိုလ် များ ကိုယ်စား ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ ထို့နောက် ဆန္ဒမဲပေးသူအား ထိုဆန္ဒမဲ လက်မှတ်ကို ခေါက်၍ မဲပုံးထဲသို့ ကိုယ်တိုင် ထည့်စေရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မဲရုံသို့ လာရောက် ဆန္ဒမဲပေးသူသည် ကျန်းမာသန်စွမ်းခြင်း မရှိသောကြောင့် မိမိဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ်ကို မဲပုံးထဲသို့ ထည့်နိုင်စွမ်း မရှိလျှင် မဲရုံအဖွဲ့ဝင်များသည် ထိုသူအား ဆန္ဒမဲထည့်နိုင်စေရန် ကူညီရမည် ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရန် မဲဆန္ဒ ခံယူသည့် ပွဲတွင် ထောက်ခံပါက အမှန်ခြစ်ရပြီး ကန့်ကွက်ပါက အမှား ခြစ်ရမည်ဟု သတ်မှတ်ခဲ့ကြောင်း ယခု ရွေးကောက်ပွဲတွင် မဲပေးရာ၌ ကိုယ်ကြိုက်သည့် ပါတီကို အမှန်ခြစ် တစ်ခုတည်း ခြစ်ရန် သတ်မှတ် ထားခြင်း ဖြစ်ကြောင်း သိရသည်။

Source: Eleven Media Group 

အချုပ်သူ/သားများ ဆန္ဒမဲပေးနိုင်ရေး အတွက်၊ဆောင်ရွက်နေ

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်မည့် အချုပ်သူ၊ အချုပ်သားများစာရင်းအား သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သို့ စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ခါ စာရင်းများ ပြုစုပေးပို့လျက်ရှိကြောင်း အကျဉ်း ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
အဆိုပါစာရင်းများကို သက်ဆိုင်ရာအကျဉ်းထောင်များရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များရှိ ကော်မရှင် အဖွဲ့များနှင့်ဆက်သွယ်ပြီး နေ့စဉ် စာရင်းပေးပို့လျက်ရှိရာ စက်တင်ဘာလ ၂၆ ရက်နေ့အထိ မဲပေးနိုင်မည့် အချုပ်သူ/သား အရေ အတွက် ,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲဥပဒေအရ၊ အချုပ်သူ/သားများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိပြီး အကျဉ်းသူ/သားများအနေဖြင့်မူ မဲပေးပိုင်ခွင့်မရှိပေ။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင် ၄၃ ခု၊ အလုပ်စခန်းနှင့် ဒေသဖွံ့ဖြိုးရေးစခန်းများတွင် အကျဉ်းကျခံနေရ သူပေါင်း ၅၀,၀၀၀ ကျော်ရှိကြောင်း အကျဉ်းဦးစီးဌာန စာရင်းများအရ သိရသည်။ 

အချုပ်သူ အချုပ်သားစာရင်းများနှင့်ပတ်သက်၍
အတိုးအလျော့ရှိနိုင်ပြီး ၎င်းတို့ ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ပြင် မဲပေးခွင့် နှင့် ပတ်သက်၍ မည်သည့်ပုံစံဖြင့်မဲပေးရမည်ကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက် အတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ ဥပဒေအခန်း (၉) ရွေးကောက်ပွဲကျင်းပခြင်းပါ ပုဒ်မ ၄၅၊ ပုဒ်မခွဲ(ဂ) ပါ မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း အကြောင်းခုနစ်ချက်အနက်တစ်ခုခုကြောင့် မဲရုံသို့ ကိုယ်တိုင် လာရောက် ဆန္ဒမဲမပေးနိုင်သူများသည် ဆန္ဒမဲပေး လိုလျှင် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သတ်မှတ်ထားသည့်အတိုင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲက စီစဉ် ပေးရမည်ဟု ဖော်ပြပါရှိသည်။ ၎င်းခုနစ်ချက်တွင်ပါဝင်သည့် အချက်တစ်ချက်မှာ ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရခြင်းဟူ၍ဖြစ်သည်။
ထို့ပြင် နိုဝင်ဘာလ ၇ ရက်နေ့တွင် အကျဉ်းထောင်စခန်းအားလုံးမှ လွတ်မြောက်မည့် အကျဉ်းသူ/သား စာရင်းများနှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲဥပဒေအရ ကြိုတင်မဲပေး၍ရသည့်အတွက် သက်ဆိုင်ရာ ထောင်အုပ်စု၊ အကျဉ်းထောင်၊ ညွှန်ချုပ်ရုံးများမှ ၎င်းတို့ခံစားခွင့်ရရှိနိုင်သော လျှော့ရက်များအားလုံးပေးပြီး အောက်တိုဘာလ ၈ ရက်နေ့မှ စတင်လွတ်မြောက်မည့်သူများ စာရင်းကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ခရိုင်ကော်မရှင်သို့ အမည်စာရင်းများ ဆက်လက်ပေးပို့သွားမည်ဖြစ်သည်။

Source: Myanmar Times


အော်---ဖြစ်မှဖြစ်ရလေ ကြံ့ဖွံ့ရယ်---

အောက်တိုဘာလ (၁၆)ရက်နေ့ နေ့စွဲဖြင့် ကြံ့ဖွံ့ အမတ်လောင်းများကို မိုးကြိုးပစ်ခံရကြောင်း နိရဉ္စရာ သတင်းတွင် ဖော်ပြထားသည်ကိုဖတ်ရှုရပါသည်။

ဖြစ်ပုံကတော့ဒီလိုဗျ-----

ကျောက်ဖြူမြို့နယ် ကြံ့ဖွံ့ပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ့် လွတ်တော် ကိုယ်စား လှယ်လောင်း ဦးဝေခိုင်နှင့် စည်းရုံးရေးမှူးတွေဖြစ်ကြတဲ့ ဦးထွန်းသွေးနှင့် ဦးကျော်ဆွေလွှင် တို့ဟာ အောက်တိုလာလ ၈ ရက်နေ့မှာ ကျောက်ဖြူမြို့နယ် လှံပျောက်ရွာ၊ ပုဇိန်းပျောက်ရွာ၊ ရွာသစ်ကေ၊ ပွီးဖျားကျေးရွာနှင့် ကွမ်းချောင်းဖျားရွာ တွေကိုသွားပြီးတော့ မဟုတ်မဟတ် စည်းရုံးရေး တွေဆင်း ကြတာ ပေါ့ဗျာ--- အဲ့ဒီကအပြန် မင်းဂံချောင်း ဆိပ်ကမ်းမှ အထွက်မှာပဲ မိုးကြိုး ပစ်ခံရတယ်။ 

ဒေသခံတွေကတော့ သေသွားတာကောင်းတယ်လို့ပြောနေကြတယ်---

ဒါပေမယ့် ထူးဆန်းတာတခုကတော့ စက်လှေပေါ်မှာ လူ ၉ ယောက်ပါတယ်ဗျာ။ ကြံ့ဖွံ့ပါတီက ခေါင်းဆောင် ၃ ယောက်၊ စက်လှေမောင်းတဲ့သူယောက်၊ တခြားလူ ၄ ယောက်ပါသေးတယ်။ အဲ့ဒီအထဲကမှ ကြံ့ဖွံ့ပါတီးဝင်သုံးယောက်ကိုမှ မိုးကြိုးပစ်ခံရတယ်ဆိုတော့---အင်း---မဟုတ်မှလွှဲရော နတ်သတ်တာပဲ ဖြစ်ရမယ်---

သူတို့ သုံးယောက်ကို စက်လှေနှင့် ယူသွားပြီးတော့ ကျောက်ဖြူ ဆေးရုံသို့ ပို့ လိုက်တယ်--စည်းရုံးရေးမှူး ဦးကျော်ဆွေလွှင်ကတော့ ဦးခေါင်းမှာ ဒဏ်ရာရလို့ ၈ ချက်တောင်ချုပ်ရတယ်။ တခြား ၂ ယောက်ကတော့ သတိမေ့ပြီး မိန့်မျောသွားခဲ့တယ်လို့ နိရဉ္စရာ သတင်းမှာဖော်ပြထားပါတယ်။