ကဗျာ

ပန်းနုရောင်---အချစ်

ဆုံတွေ့ချိန်မှာ ဘ၀အဓိပ္ပါယ်ပြည့်စုံပြီလို့
ရင်တွင်းခံစား
ခွဲခွာချိန်ကို မတွေးရဲပြီ
နှင်းမှုန်ကြားမှာ သူ့မျက်ဝန်းတွေ
သူ့အပြုံးတွေကြောင့် ဆောင်းဟေမာန်အလှ
ရောင်စုံနံနက်ခင်းတောင်
ရှုံးနိမ့်ခဲ့ရပြီပေါ့----
မျက်ဝန်းစုံက မြားတစ်စင်းပမာ
ငါ့နှစ်လုံးသားကို စိုက်ဝင်ခဲ့ပြီ
နုလုံးသားပျော်မြူး ရင်ခုန်သံက
ပေါက်ကွဲမတတ် တဒိုင်းဒိုင်းနဲ့
ကမ္ဘာကြီးတစ်ခုလုံး
တဒင်္ဂမှာ
တုန်ဟီးသွားသလို ခံစားခဲ့ရ----
ရင်ခုန်သံတွေ နီးစပ်ခဲ့ပြီး
ပွင့်လွှာသဖွယ်
နှုတ်ခမ်းတွေက အကြင်နာစကား
ငါကြားခဲ့ရ သူ့ကိုချစ်စိတ်
ချစ်ကြိုးတွေက ပိုပြီးသန်မာ
ကြီးထွားလာခဲ့ပြီ
ရင်ခုန်သံတွေ ထူးဆန်းခဲ့ရပြီပေါ့ ဆောင်းလေးရယ်---

နေတိုး (စေ့ထားသောတံခါးများမှ)
(၂၁-၈-၁၉၉၈) ည ၁၀း၃၀ နာရီ