အနုပညာ

  နေရောင်ကြည်တဲ့အချိန်နဲ့ ထက်နေကြည်



The Best Of Melody World 2007 ရရှိခဲ့တဲ့ ထက်နေကြည်ဟာ ပထမဦးဆုံး တစ်ကိုယ်တော်အခွေ တေးစီးရီး မိတ်ဆက်ပွဲကို ၂ဝ၁ဝပြည့်နှစ်၊ အောက်တိုဘာ (၁၅)ရက်၊ နေ့လယ် (၁၁)နာရီမှ (၁)နာရီအထိ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း၊ Ruby Mart မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါစီးရီးတွင် တေးသီချင်းများကို တေးရေးဆရာ မြင့်မိုးအောင်၊ ကေအေတီ၊ ကိုမိုး၊ကောင်းဇော်နှင့် စောလင်းမို၊ လင်းလင်း တို့က ပုံဖော် ရေးသားထားတာ ဖြစ်ပါတယ်။ ထိုစီးရီးနှင့် ပတ်သက်၍ အဆိုတော် ထက်နေကြည်မှ ''ကျွန်တော် ဒီအခွေကို စလုပ်တာက ၂ဝဝ၉ခုနှစ်၊ ၁၁လပိုင်းထဲ စလုပ်လာတာ။ ကျွန်တော် တစ်ယောက်တည်း ဆိုထားတာက (၁၁)ပုဒ်ပါ။ နောက်တစ်ပုဒ်က ကျွန်တော့် ညီမလေးနဲ့ တွဲဆိုထားပါတယ် ကျွန်တော့် ဒီအခွေထဲက သီချင်းလေးတွေက ''နောက်ဆုတ်ဖို့ကြိုးစားရင်း'' ဆိုတဲ့သီချင်းနဲ့ တော်တော်လေး ကွာပါတယ်။ ပထမဆုံး အခွေ ထွက်တာဆိုတော့ အရမ်းဝမ်းသာပါတယ်။ ဝမ်းသာတာထက် ရင်မောတာက များပါတယ်ဗျာ။

ငယ်လေး (planet သတင်း)



တေလာဆွစ်ဖ်၏ အယ်လ်ဘမ်သစ် တစ်ပတ်အတွင်း တစ်သန်းကျော် ရောင်းချရမည်ခန့်မှန်း

အသက်(၂၀)အရွယ် အဆိုတော်နှင့် သီချင်းရေးဆရာမလေး၏ အယ်လ်ဘမ်သစ်ကို အေက်တိုဘာ (၂၅)ရက်နေ့က စတင်ထုတ်ဝေခဲ့ပြီးနောက် သီတင်းတစ်ပါတ်အတွင်း ကော်ပီချပ်ရေ တစ်သန်းကျော် ရောင်းချရမည်ဟု Billboardက ခန့်မှန်းထား
 

တေလာဆွစ်ဖ်၏ အယ်လ်ဘမ်သစ် တစ်ပတ်အတွင်း တစ်သန်းကျော် ရောင်းချရမည်ခန့်မှန်း လူငယ်အဆိုတော်မလေးေ တလာဆွစ်ဖ်၏ Speak Now အယ်လ်ဘမ်သစ်သည် ယခုနှစ်အတွင်း အဖွင့်အလှဆုံး အယ်လ်ဘမ်ဖြစ်လာဖွယ်ရှိကြောင်း Billboard စတူဒီယို စစ်တမ်းတွင် ဖော်ပြထားသည်။ အသက်(၂၀)အရွယ် အဆိုတော်နှင့် သီချင်းရေးဆရာ မလေး၏ အယ်လ်ဘမ်သစ်ကို အေက်တိုဘာ (၂၅)ရက်နေ့က စတင် ထုတ်ဝေခဲ့ပြီးနောက် သီတင်းတစ်ပါတ်အတွင်း ကော်ပီချပ်ရေ တစ်သန်း ကျော် ရောင်းချရမည်ဟု Billboardက ခန့်မှန်းထားသည်။ အနည်းဆုံး ချပ်ရေ ရှစ်သိန်းမှ ကိုးသိန်းကြား ၀ယ်ယူအားပေးမည်ဟုလည်း Billboard၏ ကြိုတင်ခန့်မှန်းချက်တွင် ပါရှိသည်။ ယခုနှစ်အတွက် တစ်ပါတ်အတွင်း ရောင်းအားအကောင်းဆုံး စံချိန်တင်ထားသည်မှာ EminemRecovery အယ်လ်ဘမ်ဖြစ်ပြီး ဇွန်လအတွင်း စတင် ရောင်းချချိန်မှ တစ်ပါတ်အတွင်း ကော်ပီချပ်ရေ (၇၄၁၀၀၀)မျှ ရောင်း ထွက်ခဲ့သည်။ တေလာ၏ တတိယမြောက် အယ်လ်ဘမ်သည် (၂၀၀၈)ခု နှစ်အတွင်းက တစ်ပါတ်အတွင်း ချပ်ရေ (၁၀၀၆၀၀၀)ထိ ရောင်းချ နိုင်ခဲ့သည့် Lil WayneThe Carter IIIအယ်လ်ဘမ်နောက်ပိုင်း ပထမဆုံး သီတင်းပါတ်တွင် အချပ်ပေါင်း (၁)သန်းကျော် ရောင်းချနိုင်မည့် ပထမဆုံး အယ်လ်ဘမ်ဖြစ်လာဖွယ်ရှိသည်။ တေလာသည် ပထမဆုံး အယ်လ်ဘမ်အဖြစ် (၂၀၀၈)ခုနှစ်အတွင်းက Fearlessကို ထုတ်ဝေခဲ့ရာ တစ်ပါတ်အတွင်း ချပ်ရေ (၅၉၂၀၀၀)ကျော် ရောင်းထွက်ခဲ့သည်။ တေလာသည် Speak Now အယ်လ်ဘမ်ကို Promotion ပြုလုပ်နိုင်ရန်အတွက် လာမည့်နှစ်စပိုင်းတွင် ကမ္ဘာလှည့် ဖျော်ဖြေပွဲတစ်ခု ကျင်းပရန် စီစဉ်နေကြောင်းလည်း သိရသည်။


planet သတင်း

 ၂၀၁၀ တွင် တစ်ကိုယ်တော် စီးရီးထွက်ရန် စီစဉ်နေတဲ့ ဗျာလ ကိုကိုနိုင်


ရခိုင်ပြည် မာန်အောင်ဇာတိဖြစ်တဲ့ ကိုကိုနိုင်(ဗျာလ)ဟာ ရခိုင်ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့  ''ဗျာလ'' စီးရီးမှာ ဗျာလဆိုတဲ့  ရခိုင်နတ်တစ်ပါးကို ချီးမွမ်းသီဆိုထားတဲ့ သီချင်းလေးက ပရိသတ်အကြိုက် သီချင်း တစ်ပုဒ်ဖြစ်လာခဲ့ပြီး အဲ့ဒီသီချင်းလေးကပဲ သူ့ကို ဗျာလဆိုတဲ့ အမည်နာမတစ်ခုပေးခဲ့တာပါဟု YMG ဧ။် မြေးမြန်းချက်တွင်ဖော်ပြထားသည်။  

သူ့ရဲ့ ရခိုင်သီချင်းတွေကလဲ ပရိသတ်အကြိုက်သီချင်းကောင်းလေးတွေပါပဲ။ 

ပရိသတ်တွေက ဗျာလသီချင်း နဲ့တွဲပြီး ဗျာလကိုကိုနိုင်ဆိုပြီး သတ်မှတ်လာခဲ့ကြပါတယ်။ သူကတော့ ရခိုင် သီချင်းတွေပဲ ဆိုဖြစ်ပါတယ်။ ဒါပေမဲ့ အခု မြန်မာစာသားနဲ့  တစ်ကိုယ်တော်စီးရီးစီစဉ်နေပြီး ၂၀၁၀  ထဲမှာ ထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ် အလိုတော်ပြည့်ဆရာတော်ကြီးပွဲမှာလဲ ပရိသတ်တစ်ခဲနက်အား ပေးခြင်းခံရပြီး အထိမ်း အမှတ်ပွဲတွေမှာလဲ ကိုယ့်ပြည်နယ်အတွက် ကိုယ်တတ်ကျွမ်းတဲ့ အနုပညာနဲ့ ဖျော်ဖြေမှုတွေ ပြုလုပ်ပေးလျက် ရှိနေပါတယ်။

သူ့ရဲ့အနုပညာရည်မှန်းချက်က အောင်မြင်ပြီး ကိုယ့်ပြည်နယ်အတွက် ဂုဏ်ဆောင်နိုင်တဲ့ အနု ပညာရှင် တစ်ယောက် ဖြစ်လာစေဖို့ပါပဲတဲ့။ သူ့ကိုချစ်တဲ့ ပရိသတ်ကြီးအတွက် လက်ဆောင် ပေးချင်တာက  ၀၉၈၆၂၆၆၉၊ ၁၇၃၀၃၁၇၂၀ ဆိုတဲ့ ဖုန်းနံပါတ်လေးတွေပါ။ သူ့ရဲ့သီချင်းလေးတွေ နားထောင်ပြီး ပရိသတ်ကြီး ဝေဖန်ပေးလိုက်ပါဦးနော်။