Wednesday, February 8, 2012
မာန်အောင်ကျွန်း မျိုးစဉ် အတ္ထုပ္ပတ္တိ
ထိုကလွဲသော်၊ မြောက်ဘက်ခေါ်ထ၊ ထိုဒေသ၌၊ ဤကျွန်း တိုက်တွင်၊ ရှေးယခင်က၊ အစပြုလေ၊လွဲဖယ်မဆောင်၊ ရှေးအကြောင်းကား၊ များလှထွေထွေ၊ ရွာငယ် ရွာကြီး၊ သီးသီးခြားခြား၊ လူအများတို့၊ မှတ်လော့နာယူ၊ ရှေးကသူတို့၊ နေမျိုးအိမ်ခြေ၊ မရေတွက်ကောင်း၊ ရွာအပေါင်းကား၊ တစ်ဆယ့်နှစ်ရွာ၊ တည်ရာဌါန၊ အာဒိစလျှင်၊ မျက်မြင်ကြွက်ရုပ်၊ တည်လုပ်အိမ်ခြေ၊ ရေတွက်ခေါ်ကြ၊ ၃၅၀၊ ထွန်းလေခုနှစ်၊ အမြစ်မူလ၊ အရင်စသည့်၊ ရွာရှင်မည်ကား၊ ဆေးသမားဟု၊ နာမခေါ်ထူး၊ ငပြားဦးက၊ ကြင်ထမယား၊ နာမခေါ်ပြု၊ မနန်ဘုက၊ ဖွားမြင်သသူ၊ ငယ်မူနာမည်၊ ခေါ်ပေပိုင်ပိုင်၊ မီနီခိုင်မှာ၊ ကာမပိုင်ကား၊ ငချက်ဖားဟု၊ ပြုကြရွာတည်၊ နလေသော အခါ၊ နေသောခါ ကား၊ ဆေးသမား၏၊ ငပြားဦးညီ၊ အမွေဆိုင်ပိုင်၊ င/သံဒိုင်အောက်၊ များမြောက်ခေါ် ကောင်း၊ မောင်ထင်ကောင်းက၊ စ၍ရွာတည်၊ သံတိုင်ရွာဟု ခေါ်သတည်း။
Tuesday, February 7, 2012
ပန်းနုရောင်---အချစ်
ဆုံတွေ့ချိန်မှာ ဘ၀အဓိပ္ပါယ်ပြည့်စုံပြီလို့
ရင်တွင်းခံစား
ခွဲခွာချိန်ကို မတွေးရဲပြီ
နှင်းမှုန်ကြားမှာ သူ့မျက်ဝန်းတွေ
သူ့အပြုံးတွေကြောင့် ဆောင်းဟေမာန်အလှ
ရောင်စုံနံနက်ခင်းတောင်
ရှုံးနိမ့်ခဲ့ရပြီပေါ့----
မျက်ဝန်းစုံက မြားတစ်စင်းပမာ
ငါ့နှစ်လုံးသားကို စိုက်ဝင်ခဲ့ပြီ
နုလုံးသားပျော်မြူး ရင်ခုန်သံက
ပေါက်ကွဲမတတ် တဒိုင်းဒိုင်းနဲ့
ကမ္ဘာကြီးတစ်ခုလုံး
တဒင်္ဂမှာ
တုန်ဟီးသွားသလို ခံစားခဲ့ရ----
ရင်ခုန်သံတွေ နီးစပ်ခဲ့ပြီး
ပွင့်လွှာသဖွယ်
နှုတ်ခမ်းတွေက အကြင်နာစကား
ငါကြားခဲ့ရ သူ့ကိုချစ်စိတ်
ချစ်ကြိုးတွေက ပိုပြီးသန်မာ
ကြီးထွားလာခဲ့ပြီ
ရင်ခုန်သံတွေ ထူးဆန်းခဲ့ရပြီပေါ့ ဆောင်းလေးရယ်---
နေတိုး (စေ့ထားသောတံခါးများမှ)
(၂၁-၈-၁၉၉၈) ည ၁၀း၃၀ နာရီ
Subscribe to:
Posts (Atom)