Wednesday, December 29, 2010

'ကန်'ဒေါ်လာ ရှစ်သန်းခွဲကျော် ကုန်ကျမည့် ကုလားတန်မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးစီမံကိန်း ဆိပ်ကမ်းတည်ဆောက်မှုစတင်

0 Comment
သိန်းလင်း

အမေရိကန်ဒေါ်လာ ရှစ်သန်းခွဲကျော် ကုန်ကျမည့် မြန်မာ-အိန္ဒိယ ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင် ရေး စီမံကိန်းဆိပ်ကမ်း တည်ဆောက်ရေး အုတ်မြစ်ချအခမ်းအနားကို ယခုလ ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြုလုပ် ခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး HE Dr Villur Sundararajan Seshadri နှင့် အိန္ဒိယ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ၊ လုပ်ပိုင်ခွင့်ရ အိန္ဒိယကုမ္ပဏီ Essar Projects (India) Ltd နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Continue reading →
Monday, December 20, 2010

ကမ္ဘာ့ရှားပါးစာရင်းဝင် ရေညှောင့်နှုတ်ဝိုင်းငှက်မျိုးစိတ်အား လေ့လာမည်

0 Comment
စစ်တွေ၊ ရခိုင်ပြည်နယ် စစ်တွေ ကမ်းရိုးတန်း နံ့သာကျွန်းတွင် တွေ့ရှိရ သည့် ကမ္ဘာ့ရှားပါး စာရင်းဝင်ရေညှောင့်နှုတ် ၀ိုင်းငှက်(Spoon Billed Sandpiper)မျိုး စိတ်မှာ မျိုးသုဉ်း ပျောက်ကွယ် သွားတော့မည့် အခြေအနေတွင်ရှိနေပြီး ဇီဝမျိုးကွဲနှင့် သဘာ ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်း(BANCA)မှ မကြာမီလာရောက် ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း သိရသည်။

ရေညှောင့်နှုတ်ဝိုင်းငှက်သည် ဆောင်းခိုငှက် တစ်မျိုးဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့(IUCN)မှ မျိုးသုဉ်းပျောက်ကွယ်သွား တော့မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော ငှက်များစာရင်းတွင် ထည့်သွင်း ထားပြီး နှစ် ၅၀အတွင်း ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိ ပါက လုံးဝမျိုးသုဉ်းပျောက်ကွယ်သွားတော့ မည့် အခြေအနေတွင် ရောက်ရှိနေပြီး ၎င်းင်းကို အချိန်မီထိန်းသိမ်းရန် အရေးတကြီး လိုအပ် နေပြီဖြစ်ကြောင်း သိရသည်။ 

Continue reading →

စစ်တွေရေနက်ဆိပ်ကမ်းစီမံကိန်း ဆိပ်ကမ်းမြေနေရာအတွက် လူလုပ်ကုန်းမြေတည်ဆောက်မှုစတင်

0 Comment
စစ်တွေ၊ စစ်တွေရေနက်ဆိပ်ကမ်းစီမံ ကိန်း ဆိပ်ကမ်းမြေနေရာအတွက် ကုလား တန်မြစ်ရှိ ဖောင်တော်ကြီးနှင့် မင်းကြီး ကျောက်တန်း ဖောင်တော်အကြား မြေ နေရာသုံးဧကတွင်  ကျောက်စီသဲစုခြင်း ဖြင့် လူလုပ်ကုန်းမြေ စတင်တည်ဆောက် ပြီဖြစ်ကြောင်း သိရသည်။

ယခုအခါကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်းနှင့် စစ်တွေရေနက် ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းများ ကို နိုဝင်ဘာလ လယ်ခန့်မှ စတင်ဆောင် ရွက်လျက်ရှိပြီး လုပ်ငန်းများ ကြီးကြပ် ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံ အက်ဆာ ကုမ္ပဏီမှ အခြေစိုက်ရုံးခွဲကို စစ်တွေတွင် ဖွင့်လှစ် ထားရှိပြီးဖြစ်ကြောင်း သိရသည်။ ထို့အတူ တန်ချိန် ၆၀၀၀ သင်္ဘောကြီးများ ဆိုက်ကပ်ကုန်တင်ကုန် ချပြုလုပ်နိုင်မည့် ဆိပ်ခံတံတားတည် ဆောက်ရန် အတွက် ဆိပ်ကမ်းနယ်မြေ အတွင်းမြေသားစမ်းသပ်မှုများကိုလည်း ကျွမ်းကျင်သူများဖြင့် ဆောင်ရွက်လုပ် ကိုင်လျက် ရှိနေပြီဖြစ်သည်။
Continue reading →
Tuesday, December 14, 2010

ဂီရိမုန်တိုင်းသင့်ဒေသတွင် မိုးသည်းထန်၍ လေပြင်းထပ်တိုက်

0 Comment
ရခိုင်ပြည်နယ် ဂီရိဆိုင်ကလုန်းဒဏ်အများဆုံး ခံခဲ့ရသော မြေပုံမြို့နယ်တွင် ပြီးသည့်ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သောကြောင့် အနည်းငယ်ကျန်ရှိခဲ့သည့် စပါးခင်းများ ထပ်မံပျက်စီးသွားပြီး ယာယီ နေအိမ်များ ပျက်စီးသွားကြောင်း၊ ထိုသို့ အခက်အခဲများ ဆက်တိုက် ကြုံတွေ့နေရသော်လည်း NGO အဖွဲ့တချို့မှလွဲ၍ အာဏာပိုင်များက တစုံတရာ ကူညီဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ကြားသိရသည်။ 


ဧရာဝတီ Tuesday, 14 December 2010 12:21 သတင်းတိုများ 
Continue reading →
Friday, December 10, 2010

ဂီရိမုန်တိုင်းသင့်ဒေသ ကလေးများ ပညာသင်ကြားရေး ခက်ခဲနေ

0 Comment
ခင်ဦးသာ

ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဒေသမှ ကလေးငယ်များ 
(ဓာတ်ပုံ - AP)
ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိဆိုင်ကလုန်း လေဘေးဒဏ် ခံခဲ့ရသော မြို့နယ်များမှ ကျေးရွာတချို့၌ စာသင်ကျောင်းများ ပျက်စီးသွားခြင်း၊ စားဝတ်နေရေး ခက်ခဲနေခြင်းတို့ကြောင့် ကလေး အများစုမှာ ပညာဆက်လက် သင်ကြားရေး ခက်ခဲနေကြောင်း သိရသည်။
 စာသင်ဖို့နေရာ အပြင် စာပြဖို့ ဆရာ၊ ဆရာမ ဆက်မငှား နိုင်ကြတော့ဘူး။ အတန်ကြီးတဲ့ ကလေး အများစုက ကျောင်း ထွက်ကြ ရလိမ့်မယ် ထင်တယ်ဟု ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် မြေပုံမြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
Continue reading →
Wednesday, December 8, 2010

ရခိုင်သားတို့ဖျော်ဖြေမယ့် ဂီရိမုန်တိုင်းရန်ပုံငွေပွဲ

0 Comment
ဇွန်ပန်းပွင့်
 
ဂီရိလေ မုန်တိုင်း ပြန်လည်ထူထောင် ရေးလုပ်ငန်း တွေမှာ တစ်ဖက်တစ်လမ်း ကနေကူညီနိုင်ဖို့အတွက် 'ရှင်သန်နိုးထ အာရက္ခ' လို့ အမည်ပေးထားတဲ့ ရန်ပုံငွေရခိုင် အနုပညာဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
 
ရန်ပုံငွေဖျော်ဖြေပွဲမှာ လေးဝတီရခိုင် အနုပညာအဖွဲ့ နဲ့အတူ Plus Three Bandက တီးခတ်ပေးမှာ ဖြစ် သလို ရခိုင်တိုင်းရင်းသား ရုပ်ရှင် သရုပ်ဆောင်တွေ လည်း ပါဝင်ဖျော်ဖြေကြမယ်လို့ သိရ ပါတယ်။
Continue reading →

ဂီရိမုန်တိုင်းသင့်ဒေသအတွက် နိုင်ငံတကာအကူအညီ အမေရိကန် ဒေါ်လာ ၁၈ သန်းသာ ရရှိထားသေး

0 Comment
ဖြူဖြူဇင်

အောက်တိုဘာလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဂီရိဒဏ်သင့် ခဲ့သူများအား အရေးပေါ် အကူအညီပေးရန်နှင့် ပြန် လည်ထူထောင်ရေးအတွက် အကူအညီ အမေရိကန် ဒေါ်လာ ၅၃ သန်း လိုအပ်ကြောင်း ကြေညာထားပြီး လက်ရှိအချိန်အထိ ဒေါ်လာ ၁၈ သန်းဖိုးသာ သုံးစွဲ နိုင်သေးကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ညှိနှိုင်း ရေးမှူး မစ္စတာဘီရှိုး ပါရာဂျူလီက ပြောကြားသည်။

Continue reading →
Monday, December 6, 2010

မြေပုံမြို့နယ် ကြက်မူတောင်ကျွန်းရွာတွင် ဂီရိဒုက္ခသည်များ အကူအညီလိုအပ်နေ

0 Comment
မြေပုံမြို့နယ် ထုံချောင်းအုပ်စု ကြက်မူတောင်ကျွန်းရွာ တွင် နေထိုင်သည့် ဂီရိဒုက္ခသည်များ စားဝတ်နေရေး အကူအညီ လိုအပ်နေကြောင်း ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင်ပေးပို့သည့် သတင်းရ သိရှိရသည်။ 

အောက်တိုဘာလ ၂၂ ရက်နေ့က ရခိုင်ပြည်အတွင်း ၀င်ရောက် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းကြောင့် မြေပုံမြို့နယ် ကြက်မူတောင်ကျွန်းရွာတွင် အိမ်ခြေ၄၁ အိမ် လုံးဝပျက်စီးသွားခဲ့ပြီး လူဦးရေ ၁၄၆ ယောက် အိုးအိမ်မဲ့ဖြစ်ကာ ယခုအချိန်အထိ စားဝတ်နေရေး အကူအညီများလိုအပ်နေကြောင်း သိရှိရသည်။ 

Continue reading →
Sunday, December 5, 2010

ရခိုင်ပြည်နယ်၏ ငါးဖမ်း လုပ်ငန်းနှင့် အသေးစား မွေးမြူရေး လုပ်ငန်းများကို FAO မှ ကူညီမည်

0 Comment


                  မုန်တိုင်းကြောင့် ပျက်စီးခဲ့သော စပါးခင်းများ 
ဂီရိမုန်တိုင်းဒဏ် သင့်ခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် အချို့တွင် ဆန်စပါး အထွက်နှုန်း လျော့ကျ နိုင် သည့် အခြေအနေရှိနေသဖြင့် ငါးဖမ်းလုပ်ငန်းနှင့် အသေးစား မွေးမြူရေး လုပ်ငန်းများကို ကူညီရန် ကုလ သမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FAO) က စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ကြောင့် လယ်ယာမြေ အမြောက်အများ ပျက်စီးခဲ့ပြီး မုန်တိုင်း တိုက်ခတ် ချိန်မှာ မိုးလွန်ကာလ ဖြစ်သဖြင့် စပါးကို ပြန်လည်မစိုက်ပျိုးနိုင်သဖြင့် ယခုကဲ့သို့ ငါးဖမ်းလုပ်ငန်းနှင့်အသေး စား မွေးမြူရေး လုပ်ငန်းများကို ထူထောင်ပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

Continue reading →
Sunday, November 28, 2010

ရှင်သန်နိုးထ အာရက္ခ

0 Comment
ရခိုင်ပြည်နယ် ဂီရီဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဒေသများ ပြန်လည်တည်ဆောက်ရေးအတွက် “ရှင်သန်နိုးထ အာရက္ခ” အမည်ဖြင့် စင်တင်တေးဂီတဖျော်ဖြေပွဲတရပ်ကို သုဝဏ္ဏမိုးလုံ လေလုံ အားကစားကွင်းတွင် ဒီဇင်ဘာ (၃၀) ရက် ညနေ ၅ နာရီမှ ၉ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစင်တင်တေးဂီတပွဲတွင် ဥက္ကာဦးသာ ဦးဆောင်သော PLUS+3 တီးဝိုင်းနှင့် လေးဝတီ ရခိုင်ယဉ်ကျေးမှု တေးဂီတ အဖွဲ့တို့က တီးခတ်ပေးမည်ဖြစ်ကာ ဦးအောင်လွင် ၊ ခန့်စည်သူ ၊ဘုန်းလျှံ ၊ ရတနာမိုင် ၊ ကုသိုလ် ၊ အရိုင်း ၊ ညောင်ညောင် စသည့် ရုပ်ရှင် သရုပ်ဆောင် များအပြင် ကိုသန်းမောင်၊ ခိုင်မြတ်မင်း ၊ စောနှင်းနွယ် ၊ ဒိုအ်ရီ ၊ Lကိုလင်း စသည့် ရခိုင် အဆိုတော်များက သီဆို ဖျော်ဖြေကြမည်ဖြစ်သည်။
Continue reading →

နေတိုးရေးတဲ့ နေတိုးဘ၀ စာအုပ်ထွက်မည်

0 Comment
ငြိမ်းအိအိထွေး

ကျရာနေရာမှာ သဘာဝကျကျ၊ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် နိုင်တာမို့ အချိန်တိုအတွင်း ထိပ်တန်း သရုပ်ဆောင်တစ်ဦး ဖြစ် လာတဲ့ သရုပ်ဆောင် နေတိုးက သူ့ဘ၀ရဲ့အမှတ်တရတွေ၊ အနု ပညာ အပေါ်ရူးသွပ် မှုတွေနဲ့ ပရိသတ်မသိသေးတဲ့ သူ့ အကြောင်းကို စာအုပ်အဖြစ် ရေးသားနေတာ ပြီးစီးသွားပြီမို့ နိုဝင်ဘာလ နောက်ဆုံးပတ်မှာ ဖြန့်ချိသွားမယ်လို့ မြန်မာ တိုင်း(မ်) ကို ပြောပါတယ်။

"အကြောင်း အရာကတော့ အစုံပဲဗျ။ အခုလက်ရှိ အချိန်ထိ ဖြတ်သန်းလာ ရတဲ့ဘ၀၊ သရုပ်ဆောင် တစ်ယောက်ရဲ့ ဘ၀မှာ ခံယူထားတဲ့ ခံယူချက်၊ ပရိသတ်နဲ့ ကျွန်တော့ကြားက အဖြစ် အပျက် လေးတွေ၊ အနုပညာကို ရူးသွပ်တဲ့ အကြောင်း ကျွန် တော်ရေးတဲ့ ကျွန်တော့အကြောင်းပေါ့ဗျာ" လို့ သူ့စာအုပ်နဲ့ ပတ်သက်လို့ သရုပ်ဆောင် နေတိုးက ဆိုပါတယ်။

Continue reading →
Thursday, November 25, 2010

ရွေးကောက်ပွဲအနိုင်ရ ရခိုင် တိုင်းရင်းသား ပါတီကို စစ်အစိုးရ ၀န်ကြီးတွေ လာရောက်တွေ့

0 Comment
2010-11-24
ရခိုင် တိုင်းရင်းသားများ ဖွံ့ ဖြိုးတိုးတက်ရေးပါတီ RNDP က ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ် တွေ စစ်အစိုးရ၀န်ကြီးတွေနဲ့ ဒီနေ့ တွေ့ ဆုံတယ်လို့ သိရပါတယ်။

Continue reading →
Friday, November 19, 2010

ဂီရိသတင်း

0 Comment
Continue reading →
Wednesday, November 17, 2010

စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်း RNDP ကန့်ကွက်

0 Comment
သိန်းဇော် | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၂၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။    ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးစေသည့် ရထား လမ်း ဖောက်လုပ်မှုကို လက်မခံဟု မြောက်ဦးမြို့ ရှေးဟောင်းပညာရှင်နှင့် ရခိုင်တိုင်းရင်းသားများတိုး တက် ရေးပါတီ RNDP က ပြောဆိုသည်။
Continue reading →

ရခိုင်ဒေသ ဂေဟစနစ်ပြောင်းလဲမှု သုတေသနပြုလုပ်မည်

0 Comment
ရန်ကုန်၊ နိုဝင်ဘာ ၁၀- မုန်တိုင်းသင့်ဒေသဖြစ်သော ရခိုင်ဒေသ၏ ဂေဟစနစ် ပြောင်းလဲမှု အခြေအနေ များကို သုတေသနပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငှက်ဝါသနာရှင်အသင်း ဥက္ကဋ္ဌဦးစိုးညွန့်က ပြောသည်။ 

ယင်းသုတေသနပြုခြင်းကို ဒီဇင်ဘာလအတွင်း၌ အသင်းမှ အဖွဲ့နှစ်ဖွဲ့ စေလွှတ်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

Continue reading →

ကိုယ်ဝန်ဆောင်စဉ် အကိုက်အခဲပျောက်ဆေးသုံးစွဲပါက မွေးဖွားလာမည့် သားယောက်ျားလေးတို့တွင် မျိုးပွားမှုဘေးဥပဒ်တွေ့နိုင်

0 Comment
ကိုယ်ဝန်ဆောင်အမျိုးသမီးတို့သည် ပါရာစီတမော နှင့် အက်စပရင်တို့ ကဲ့သို့သော အကိုက်အခဲပျောက် ဆေးများကိုသောက်သုံးပါက မွေးဖွား လာမည့် ယောက်ျားလေးတို့တွင် မျိုးအောင်ခြင်း ဘေးဥပဒ်နှင့် ကြုံတွေ့ ရနိုင် ဖွယ်ရှိသည်ဟု သုတေသနပညာရှင်တို့က သတိပေးပြော ကြားခဲ့ သည်။
 
သုတေသနပညာရှင်တို့၏ ရှာဖွေတွေ့ရှိချက်အရ ကိုယ်ဝန်ဆောင် အမျိုး သမီးတို့ အနေဖြင့် အကိုက်အခဲ ပျောက်ဆေးများကို ကာလရှည်ကြာစွာ သုံးစွဲခြင်း အားဖြင့် မွေးဖွားလာမည့် သားယောက်ျား လေး၏ လိင်အင်္ဂါဖွံ့ဖြိုးတိုးတက် မှုကို ထိခိုက်စေဖွယ်ရှိသည်ဟု ဆိုသည်။


Continue reading →

မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့မြေများရှိ လုပ်ကွက်ပေါင်း ၄၀ ကျော်တွင် နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလျက်ရှိ ရခိုင်၊ တနင်္သာရီ ရေနက်ကမ်းလွန် ဒေသများပါဝင်ကြောင်း သိရ

0 Comment
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများရှိ လုပ်ကွက်ပေါင်း ၄၀ ကျော်တွင် နိုင်ငံခြားကုမ္ပဏီများကို ရင်းနှီး မြှုပ်နှံထားပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အနေဖြင့် ရေနက်ကမ်းလွန် လုပ်ကွက်များလည်း ဖော်ထုတ်ပေးထားပြီး ရခိုင်၊ တနင်္သာရီကမ်းလွန်ဒေသများ ပါဝင်ကြောင်း သတင်းရရှိပါသည်။

Continue reading →
Tuesday, November 16, 2010

လက်ရှိမြေပုံမြို့ မြင်ကွင်း

0 Comment

အခုလို အခက်အခဲကြားထဲက ဓါတ်ပုံတွေကို ပို့ပေးနေတဲ့ ညီမလေးကို  မေဃ၀တီ ညီအကိုများမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။


Continue reading →

ဂီရိဒဏ်ခံ ဒေသများတွင် အပျက်အစီး စာရင်းမကောက်ခိုင်း

0 Comment
မင်းနိုင်သူ Tuesday, 16 November 2010 15:39 


အောက်တိုဘာလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့နယ်တနေရာ မြင်ကွင်း။ (ဓာတ်ပုံ - AP)
ရခိုင်ပြည်နယ် ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ ဒေသအတွင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးများ ကောက်ယူခြင်း၊ ထုတ်ပြန်ခြင်းများကို နိုဝင်ဘာ ၁၅ မကျော်မီ အထိ မပြုလုပ်ကြရန် စစ်အစိုးရက ညွှန်ကြား ခဲ့ကြောင်း သတင်းရရှိသည်။
Continue reading →
Friday, November 12, 2010

အရေးပေါ် ကူညီရေးလုပ်ငန်းများ လူငယ်များ ဆောင်ရွက်

0 Comment
ဓါတ်ပုံ-သောင်းတင်
ကျောက်ဖြူမြို့နယ် လူငယ်များသည် ဆိုင်ကလုန်းဂီရိဒဏ်ခံရသည့် ဒုက္ခသည်များအတွက် အရေးပေါ် ကယ် ဆယ်ရေး လုပ်ငန်းများကို အစောဆုံး စတင် ဆောင်ရွက်နေကြပြီဟု လူငယ်မုန်တိုင်း ကယ်ဆယ်ရေး အသင်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဗလကြီးက ပြောသည်။

Continue reading →
Thursday, November 11, 2010

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ သီချင်း

0 Comment
Continue reading →

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ - RNDP အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်များ

0 Comment

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၃ မိနစ်

 
Continue reading →
Wednesday, November 10, 2010

RNDP မဟာမိတ်ဖွဲ့မည်ဟု ပြော

0 Comment

သိန်းဇော် | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၄၂ မိနစ်
 

နယူးဒေလီ (မဇ္ဈိမ) ။  ။ ရခိုင်ပြည်နယ် လွှတ်တော်ထဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် စစ်တပ် ကိုယ်စား လှယ်များ  အင်အားကြီးထွားမည့်အရေးကို ကာကွယ်ရန်အတွက် အခြားပါတီများဖြင့် မဟာမိတ်ဖွဲ့ သွားမည်ဟု ပြည်နယ်လွှတ်တော်တွင် ၁၈ နေရာနိုင်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က ပြော သည်။ 

Continue reading →

ရှိုးပွဲက ရတဲ့ငွေတွေကို ရခိုင်မုန်တိုင်းသင့်ဒေသကိုလှူမယ့် ရတနာမိုင်

0 Comment

ရခိုင်ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့မုန်တိုင်းဂီရိကြောင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ရခိုင် အဆိုတော်မလေး ရတနာမိုင်က လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ မိုင်လေးက ရခိုင်မှာမုန်တိုင်း တိုက်တယ် ဆိုတာနဲ့ အသင်းကနေတစ်ဆင့် လှူဒါန်းခဲ့တယ်။ ထပ်ပြီးတော့လည်း လှူးခဲ့တယ်။ အခုကလ ၁၂ ရက်နေ့မှာ ရှိုးပွဲလုပ်ပြီး ရတဲ့ငွေတွေကိုလည်း မုန်တိုင်းဒဏ်ခံရတဲ့သူတွေကို လှူဖို့ရှိတယ်လို့ ရတာနာမိုင်က ပြောခဲ့ပါ တယ်။ 


The commerce journal မှာဖော်ပြထားတဲ့ အချက်အလက်တချို့ကို ဖော်ပြပေးလိုက်တာပါ။

အခုလို  ရှိုးပွဲလုပ်ပြီး ရရှိလာတဲ့ငွေတွေကို ရခိုင်ပြည်မှ မုန်တိုင်းဒဏ်ခံရတဲ့သူတွေကို လှူဒါန်းဖို့ ကြိုးကြိုးစားစားလုပ်ဆောင်နေတဲ့ ရခိုင်အဆိုတော်မလေး ရတနာမိုင်ကို ကျနော်တို့ မေဃ၀တီ ညီအကိုများမှ အထူးပင် လေးစားဂုဏ်ယူပါကြောင်း ဖော်ပြလိုက်ပါတယ်။
Continue reading →

ဂီရိမုန်တိုင်းသင့် ရေလုပ်သားများအား ရေလုပ်ငန်းအသင်းနှစ်ခုမှ ကျပ်သိန်း ၁၀၀ လှူဒါန်း

0 Comment

ဂီရိမုန်တိုင်းသင့် ရခိုင်ပြည်နယ်မှ ရေလုပ်သားများအား မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အောက်ရှိ ရေ လုပ်ငန်းအသင်း ၂ ခုမှ ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ ကြောင်း ငါးလုပ်ငန်းဦးစီးဌါနက တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ 

Continue reading →

ကြံ့ခိုင်ရေးပါတီမှအပ ပါတီအလိုက် အနိုင်ရရှိသည့်စာရင်း

0 Comment


 မဇ္ဈိမသတင်း
Continue reading →
Tuesday, November 2, 2010

ဂီရိကြောင့် ရခိုင်တွင် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယူအန် အစီရင်ခံစာတွင် ဖေါ်ပြ

0 Comment
ထွန်းထွန်း


အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိကြောင့် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယမန်နေ့က ထုတ်ပြန်သော ယူအန် အစီရင်ခံစာတွင် ဖေါ်ပြသည်။
Continue reading →

မြေပုံမြို့နယ် ပြင်ဝန်းရွာမှ လတ်တလောဓါတ်ပုံများ

0 Comment
လတ်တလောသတင်းအရ  မြေပုံမြို့နယ် ပြင်ဝန်းရွာတွင် သေဆုံးသူ ၈၀ ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဒေသခံများမှာ အာဏာပိုင်များကို ကြောက်မပြောဝံ့ကြောင်းလည်းသိရှိရသည်။

 


Continue reading →
Friday, October 29, 2010

မြေပုံမြို့နယ်တွင် မုန်တိုင်း ဒုက္ခသည်များအား ကိုယ်တိုင် သွားရောက် ကူညီပေးနေသူ တဦးနှင့် ယနေ့ နံနက်က ဆက်သွယ် မေးမြန်းချက်

0 Comment


မေး။ ။ မုန်တိုင်းတိုက်ခိုက်ခဲ့တဲ့ မြေပုံမြို့နယ်က အခြေအနေ ဘယ်လိုရှိပါလဲ

ဖြေ။ ၊ မုန်တိုင်းတိုက်ခိုက်ခဲ့တဲ့အခြေအနေက ကျွန်တော်တို့ စုံစမ်းသလောက်က ကျေးရွာ ၅၀ မှာ အိမ်ခြေ ၆၀၀၀ ကျော်ပျက်တယ်။ အိမ်ခြေ ၆၀၀ ကျော်လောက်ဘဲ ကျန်ပါတယ်။ သေတဲ့လူစာရင်းက ရွာ ၅၀ကျော် က စာရင်းကို ကောက်ယူလိုက်တဲ့ အခါ သေဆုံးသူ ၁၀၀ ကျော်စာရင်းရပြီးပြီ။
Continue reading →

မဇ္ဈိမသတင်းဌါနမှ ဂီရိလေမုန်တိုင်းဒဏ်ခံရသည့် နေရာများမှ ဒေသခံမျာအား မေးမြန်းချက်

0 Comment
ခိုင်စု

နယူးဒေလီ (မဇ္ဈိမ)။   ။ ဂီရိမုန်တိုင်းဒဏ်ကို လွန်ခဲ့သည့် တပတ်ခန့်က အဆိုးရွားဆုံး ခံခဲ့ရသည့် ရခိုင် ပြည်နယ် မြေပုံနှင့် ပေါက်တော မြို့နယ်များတွင် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ယခုလ ၂၂ ရက်နေ့တွင် တနာရီလျှင် မိုင် ၁ဝဝ ခန့် လေတိုက်နှုန်းရှိ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ယခု ၂ မြို့နယ်တွင် နေထိုင်ကြသည့် ဒေသခံများသည် ၎င်းတို့ အားထားလုပ်ကိုင်သည့် လယ်ယာနှင့် ရေလုပ်ငန်း အများအပြား လက်လွှတ်ဆုံးရှုံးခဲ့ကြရသည်။

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများ၊ အာဏာပိုင်များနှင့် အလှူရှင်များ အကူအညီပေးအပ်မှု၊ လက်ရှိ ကျန်းမာရေးနှင့် ပြန်လည်တည်ဆောက်ရေး အခြေအနေ၊ စားနပ်ရိက္ခာ လိုအပ်ချက်နှင့် ရွေးကောက်ပွဲအပေါ် အမြင်များကို သိရှိနိုင်ရန် ဒေသခံအချို့ထံ ဆက်သွယ်မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။
Continue reading →
Thursday, October 28, 2010

လူငယ်ကာတွန်းဆရာ စတုန်း (မေဃ၀တီ)၏ ရုပ်ပြောင် ကာတွန်းကဏ္ဍ လာပြီ

0 Comment


လူငယ်ကာတွန်းဆရာ စတုန်း (မေဃ၀တီ)၏  ရုပ်ပြောင် ကာတွန်းများကို မေဃ၀တီ ဘလော့တွင် ပုံမှန်ဖော်ပြပေးသွားပါမည်။
Continue reading →

ဂီရိမုန်တိုင်း တိုက်ခတ်မှု့ကြောင့် ပျက်စီးနေသော မြေပုံမြို့မြင်ကွင်းအား အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်

0 Comment


Continue reading →
Wednesday, October 27, 2010

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ အထူးကြေငြာချက် ၁/၂၀၁၀

0 Comment

၂၀၁၀-ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် သောကြာနေ့တွင် ရခိုင်ကမ်းရိုးတမ်းကို မိုင်ပေါင်း ၁၂၀ ကျော်နှုန်း ဖြင့် ၀င်ရောက် တိုက်ခတ် သွားခဲ့သော ဂီရီဆိုင်ဂလုံးမုန် တိုင်းကြီနှင့်ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထူးကြေငြာချက် /၂၀၁၀ ကို ယနေ့ ထုတ်ပြန်ကြေငြာလိုက်ပါသည်။ 


Continue reading →

After Cyclone Giri

0 Comment
Continue reading →

Myanmar News: Myanmar TV airs cyclone footage

0 Comment
Continue reading →

Giri Cyclone in Rakhaing State

0 Comment
Continue reading →
Tuesday, October 26, 2010

စတုန်း (မေဃ၀တီ)၏ ရုပ်ပြောင်ကာတွန်း ကဏ္ဍလာပြီ

0 Comment

လူငယ်ကာတွန်းဆရာ စတုန်း (မေဃ၀တီ)၏ ရုပ်ပြောင်ကာတွန်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

Continue reading →