Monday, December 20, 2010

ကမ္ဘာ့ရှားပါးစာရင်းဝင် ရေညှောင့်နှုတ်ဝိုင်းငှက်မျိုးစိတ်အား လေ့လာမည်

0 Comment
စစ်တွေ၊ ရခိုင်ပြည်နယ် စစ်တွေ ကမ်းရိုးတန်း နံ့သာကျွန်းတွင် တွေ့ရှိရ သည့် ကမ္ဘာ့ရှားပါး စာရင်းဝင်ရေညှောင့်နှုတ် ၀ိုင်းငှက်(Spoon Billed Sandpiper)မျိုး စိတ်မှာ မျိုးသုဉ်း ပျောက်ကွယ် သွားတော့မည့် အခြေအနေတွင်ရှိနေပြီး ဇီဝမျိုးကွဲနှင့် သဘာ ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်း(BANCA)မှ မကြာမီလာရောက် ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း သိရသည်။

ရေညှောင့်နှုတ်ဝိုင်းငှက်သည် ဆောင်းခိုငှက် တစ်မျိုးဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့(IUCN)မှ မျိုးသုဉ်းပျောက်ကွယ်သွား တော့မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော ငှက်များစာရင်းတွင် ထည့်သွင်း ထားပြီး နှစ် ၅၀အတွင်း ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိ ပါက လုံးဝမျိုးသုဉ်းပျောက်ကွယ်သွားတော့ မည့် အခြေအနေတွင် ရောက်ရှိနေပြီး ၎င်းင်းကို အချိန်မီထိန်းသိမ်းရန် အရေးတကြီး လိုအပ် နေပြီဖြစ်ကြောင်း သိရသည်။ 

ရေညှောင့်နှုတ်ဝိုင်းငှက်များသည် နှစ်စဉ် ဆောင်းတွင်းကာလများ၌ ၎င်းတို့၏ မူရင်းဒေသ ရုရှားနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသများမှ အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သော မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေး ရှားနိုင်ငံများသို့ လာရောက်လေ့ရှိသည်။ အဆိုပါငှက်သည် ကမ္ဘာပေါ်တွင် ကောင် ရေ ၂၀၀မှ ၃၀၀ ထိသာရှိနိုင်တော့မည်ဖြစ် ပြီး အကောင်အရေအတွက်မှာ စိုးရိမ်ဖွယ်ရာ ကျဆင်းလျက်ရှိရာ ၂၀၀၇ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော လေ့လာသုတေသနပြုမှုအရ မြန်မာနိုင်ငံတွင် ကောင်ရေ ၈၀ကျော်ရှာဖွေ တွေ့ရှိခဲ့သည့်အတွက် မြန်မာနိုင်ငံသည် ရေ ညှောင့်နှုတ်ဝိုင်းငှက်ထိန်းသိမ်းရန် အကောင်း ဆုံးနေရာတစ်ခုဖြစ်သည်ဟု ကျွမ်းကျင်သူများ က သုံးသပ်ခဲ့သည်။ 

Source: YMG