Monday, February 21, 2011

ယူနီဆက်ဖ်မှ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင် ယာယီကျောင်းပေါင်း ၁၀၀ ကျော် ဆောက်လုပ်ပေးနေ

0 Comment
နန်းတင်ထွေး  
  
ယူနီဆက်ဖ်မှတည်ဆောက်ပေးခဲ့သည့် ယာယီကျောင်း 
တစ်ကျောင်းတွင် ကလေးငယ်များ ပညာသင်ယူနေစဉ်။
၂၀၁၀ အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်း ဒဏ်အား အဆိုးဝါး ဆုံးခံစားခဲ့ရသည့် ရခိုင်ပြည်နယ် ရှိ မြေပုံနှင့် မင်းပြား မြို့ နယ်တို့တွင် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) မှယာယီ ကျောင်းဆောင်များ ဆောက်လုပ်ပေးနေကြောင်း သိရသည်။


"မုန်တိုင်းပြီးတော့ ကျောင်းတွေ ပျက်စီးပြီး ကလေးတွေတော်တော် များများ စာသင်ဖို့ ဒုက္ခရောက်ကြတယ်။ ဘုန်းကြီးကျောင်းတွေ တစ်ခါ တလေ တချို့အိမ်တွေရဲ့အောက်မှာ သင်ရတာမျိုးတွေ ရှိတယ်။ ရတဲ့ နေရာကြတော့လည်း ကျောင်းသားဦးရေနဲ့မမျှတော့ နေရာခွဲသင်ရ တာမျိုးတွေ ရှိတယ်။ အဲဒီအတွက် ဒီယာယီကျောင်းတွေ ဆောက်ဖြစ် တာပါ" ဟု UNICEF မှ Education Specialist ဖြစ်သူ ဦးဝင်းအောင်က ပြောသည်။
Continue reading →

ဂီရိမုန်တိုင်းသင့် ရခိုင်ပြည်နယ်ဒေသအချို့ သောက်သုံးရေအကူအညီများ လိုအပ်နေဆဲ

0 Comment
အေးစပယ်ဖြူ

ဂီရိမုန်တိုင်းသင့် ရခိုင်ပြည်နယ်ဒေသ အချို့တွင် မိုးလွန်မိုးများရရှိခဲ့သော်လည်း သောက်သုံးရေအကူအညီများ ဆက်လက်လိုအပ် နေဆဲဖြစ်ကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများက ပြောသည်။

မုတ်သုံဆုတ်ခွာပြီးနောက်ပိုင်း ရွာသွန်းသောမိုးများကြောင့် ကန်အချို့တွင် ရေရရှိခဲ့သော်လည်း ကန်များတွင် ဆားငန်ဓာတ်များ ရှိနေဆဲဖြစ်သဖြင့် သောက်သုံးရန်မဖြစ်နိုင်သေးကြောင်း ရခိုင်သဟာရအသင်း (ရန်ကုန်)၏ အထွေထွေအတွင်းရေးမှူး ဦးသာမြ ကျော်က ပြောသည်။

Continue reading →

ငပလီ ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကမ်းခြေ သာယာ လှပရေး အတွက် အမတ ဟိုတယ်က ကမ်းခြေ တစ်လျှောက် အမှိုက်များ လိုက်လံ သိမ်းဆည်း

0 Comment
ခင်နွယ်ဝင်း


မြန်မာနိုင်ငံ၏ အထင်ကရ ကမ်းခြေ တစ်ခုဖြစ်သည့် ငပလီ ကမ်းခြေ တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး နှင့် ကမ်းခြေ သာယာ လှပရေး အတွက် “Keep Our Beach Clean” အမည်ဖြင့် ကမ်းခြေ တစ်လျှောက်မှ အမှိုက်များ မိမိ အစီအစဉ် ဖြင့် လိုက် လံ သိမ်းဆည်းခြင်း ကို အမတဟိုတယ် က စတင် ဆောင်ရွက် လျက်ရှိသည်။

Continue reading →
Sunday, February 13, 2011

စစ်တွေမြို့တော်၏ ဖွံ့ဖြိုးမှု ပုံရိပ်သစ်များ

0 Comment

ကျွန်းသားငမန်း

ဆောင်းနှင်းမြူတို့ကြောင့် ပတ်ဝန်းကျင်မှာ မှုန်မှိုင်းနေသည်။ နံနက် ၇ နာရီထိုးသည့်တိုင် မြူနှင်းတို့ မကွဲသေး။ ကောင်းမြတ်သူသည် စစ်တွေမြို့၊ ကုလားတန်မြစ်ကမ်းဘေးရှိ ရှုခင်းသာလမ်းတွင် လမ်းလျှောက်ရင်း ကုလားတန်မြစ်ပြင်မှ ဖြတ်သန်းတိုက် ခတ်လာသည့် လတ်ဆတ်သော လေအေးအေးကြောင့် အားသစ် အင်သစ်များ ဖြစ်ပေါ်လာသည်သို့ ခံစားလိုက်ရသည်။ ကောင်းမြတ်သူလိုပင် ရှုခင်းသာလမ်းတွင် လမ်းလျှောက်နေသူတို့မှာ အများသား။ စစ်တွေမြို့ ဆောင်းရာသီ၏ ဖက်ရှင်တစ်ခုလည်း ဖြစ်သည်။ ကျန်းမာရေးအတွက် လမ်းလျှောက်ကြတာတဲ့။ သည်လို အုံနှင့်ကျင်းနှင့် လမ်းလျှောက် ဖြစ်တာကိုတော့ ဆောင်းတွင်းကာလ မှာသာတွေ့ရတတ်သည်။ တကယ် တော့လည်း ဆောင်းအငွေ့၊ ဆောင်း အအေးနှင့် ဆောင်းလေအေးမှာ ကောင်းမြတ်သူတို့အား လန်းဆန်း တက်ကြွစေသည်။ ကောင်းမြတ်သူ အနှစ်သက်ဆုံးရာသီဥတုကို ပြောပါ ဆိုလျှင် ဆောင်းရာသီကိုသာ ညွှန် ပြရမည်။  

Continue reading →

ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ နောက်ဆုံးနှစ် ကျောင်းသား/သူများနှုတ်ဆက်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပမည်

0 Comment
၂၀၁၁-ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက် (တနင်္ဂနွေနေ့) နံနက် (၉း ၀၀) မှ နေ့လည် (၃း၀၀)အထိ ခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမူကော်မတီ (တက္ကသိုလ်များ) ရန်ကုန်မှ မောင်မယ် သစ်လွင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ် ကျောင်းသား/သူများနှုတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ရွှေမာလာရိပ်မွန် ၊ ဘုရင့်နောင်လမ်း၏ အမှတ်(၄)ရပ်ကွက်၊ကမာရွက်  (Lion City - Golden Dragon Hall) တွင် ရခိုင်တိုင်းရင်းသား  စာပေနှင့်ယဉ်ကျေးမူ ကော်မတီ(တက္ကသိုလ်များ ရန်ကုန်)မှ ဦးဆောင်ကာ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ် ကျောင်းသား/သူများ နှုတ်ဆက်ပွဲအခမ်းအနားကို ကြီးမှူးကျင်းပမည် ဖြစ်ကြောင်းသိရှိရသည်။ 















source ကို အလိုတော်ပြည့်မှ ယူထားသည်
Continue reading →

၂၀၁၀-ခုနှစ်အတွင်း ရခိုင်တွင် ယာဉ်မတော်တဆမှု ၂၅၈ မှုရှိခဲ့ပြီး သေဆုံးသူ ၅၀ ဦးရှိ

0 Comment

ရခိုင်- ရခိုင်ပြည်နယ် အတွင်း ၂၀၁၀ပြည့်နှစ်တွင် ယာဉ်မတော် တဆ ဖြစ်ပွားမှုပေါင်း ၂၅၈မှုရှိခဲ့ပြီး ၂၀၀၉ ခုနှစ် ဖြစ်ပွားမှုနှုန်းများပြားခဲ့ကြောင်း စစ်တွေမြို့ မော်တော်ယာဉ်ထိန်းသိမ်းရေး တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Continue reading →
Wednesday, February 9, 2011

ရခိုင်ပြည်နယ်အတွင်း၌ စက္ကူစက်ရုံတစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရ

0 Comment

တောတောင်ထူထပ်စွာ ပေါများသော ရခိုင်ပြည်နယ် အတွင်းမှ ထွက်ရှိသည့် ၀ါးများကို အသုံးပြုကာ စက္ကူစက်ရုံတစ်ခုကို တည်ဆောက်သွားရန် ရှိကြောင်း သိရှိရသည်။

အဆိုပါ စက္ကူစက်ရုံကို ကျောက်တော်မြို့နယ်အတွင်း တည်ဆောက်နိုင်ခြေ ရှိကြောင်း၊ လေးမြို့ချောင်း၊ တောဖျားချောင်း၊ ဒလချောင်းနှင့်အခြားသော ချောင်းများ၏ အထက်ပိုင်းမှ ထွက်ရှိသော ၀ါးများကို ထိုချောင်းများအတိုင်း ထုတ်ယူနိုင်လေ့ရှိရာ စက္ကူစက်ရုံ တည်ဆောက်သွားရန်အတွက် လုပ်ဆောင်လာခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။ ရခိုင်ပြည်နယ်သည် ၀ါးပေါသော ဒေသတစ်ခု ဖြစ်သည်နှင့်အညီ ၀ါးများကို နှစ်စဉ် ပြည်ပသို့တိုင် တင်ပို့ရောင်းချလျက် ရှိသော်လည်း ပြည်တွင်း ၀ါးလိုအပ်ချက်ကို ထိခိုက်မှု မရှိကြောင်း၊ ယင်းအတွက် စက္ကူစက်ရုံ တည်ဆောက်ခြင်းသည် ဒေသတွင်း၌ များစွာ အကျိုးရှိမည် ဖြစ်သည့်ပြင် ယင်းစက္ကူများကိုလည်း ရခိုင်ပြည်နယ်အတွင်း အသုံးပြုနိုင်မည် ဖြစ်သည်။

Continue reading →