နိုင်ငံတကာရေးရာ



နိုင်ငံတကာရေးရာ ကဏ္ဍတွင် ထွေရာလေးပါးကဏ္ဍကိုလည်း ဖော်ပြပေးသွားပါမည်။



သီချင်းဆိုပြီး ကပြသည့် လူတူစက်ရုပ် ဂျပန် တီထွင်


သီချင်းဆိုပြီး ကပြနိုင်သည့် HRP-4C ဟု အမည် ပေး ထားပြီး Divabot ဟုပါ ခေါ်ဝေါ်သည့် အဆိုအက မယ် စက်ရုပ်တစ်မျိုးကို ဂျပန်ပညာရှင်များက တီထွင် ခဲ့ပြီး အောက်တိုဘာလ ၁၇ ရက်နေ့က တိုကျိုပြပွဲ တစ်ခုတွင် ပြသခဲ့ကြောင်း သိရသည်။

ဂျပန်အဆင့်မြင့် စက်မှုသိပ္ပံနှင့် နည်းပညာဆိုင်ရာ အမျိုးသား အင်စတီကျုမှ ဖန်တီးခဲ့သည့် မိန်းကလေး စက်ရုပ်၏ လှုပ်ရှားမှုများကို ဆော့ဖ်ဝဲတစ်မျိုးဖြင့် ထိန်းချုပ်ထားသည်။ စက်ရုပ်ထိန်းချုပ်မှု နည်းပညာ မတတ်ကျွမ်းသူပင် မောက်စ်ကို သုံးပြီး ကခြင်း၊ ခုန်ခြင်း ကဲ့သို့သော ရှုပ်ထွေးသည့် လှုပ်ရှားမှုများကို အလွယ်တကူ ထိန်းချုပ်စေခိုင်းနိုင်သလို မိမိက ခုန်ခိုင်း လျှင် ပြုတ်ကျနိုင်ခြေ ရှိမရှိပါ ဆော့ဖ်ဝဲဖြင့် တွက်ချက်ကာ ပုံမပျက်စေရန် ထိန်းညှိပေးနိုင်သည်။

လူ့အသံကို အတုခိုးကာ သီဆိုနိုင်ခြင်းနှင့် သီချင်းဆိုစဉ် လူ၏အမူအရာ ပြောင်းလဲမှုမျိုးကို စက်ရုပ်တွင် အလို အလျောက် ဖြစ်ပေါ်စေရန် ဖန်တီးထားသည်။ လူကဲ့သို့ အသက်ရှူသည့် လုပ်ငန်းစဉ်ပါ ထည့်ထားပြီး အသက်ရှုသံ အပြင်းအပျော့ပါ လှုပ်ရှားမှု အလျောက် ပြောင်းလဲစေမည် ဖြစ်သည်။


Source: EMG


လပေါ်တွင် လူတို့အခြေစိုက်ရန် လုံလောက်သော ရေအပြင် အောက်စီဂျင်၊ အယ်လ်ကိုဟောနှင့် ငွေသတ္တုလည်း ရှိကြောင်း လေ့လာမှုက ဖော်ပြ



ယမန်နှစ်က လမျက်နှာပြင်သို့ စူးစမ်းရေးယာဉ်မှ ဒုံးကျည်ပစ်လွှတ်မှုအရ ပေါက်ကွဲထွက်လာခဲ့သော အမှုန်အမွှားများကို ဆက်လက်လေ့လာ ခဲ့မှုအရ လဒေသအချို့တွင် လူတို့ အခြေစိုက်ရန် လုံလောက်သောရေ ရှိသည့်အပြင် အောက်စီဂျင်၊ အယ်လ် ကိုဟောဓာတ်နှင့် ငွေသတ္တု ဒြပ်စင်များလည်း ရှိကြောင်း သိရသည်။

မန်နှစ်က နာဆာမှ သိပ္ပံပညာရှင်များသည် လပေါ်တွင် ရေရှာရန် အတွက် Atlas V အမည်ရ ဒုံးကျည်ထိပ်ပိုင်းကို လမျက်နှာပြင် ချိုင့်ဝှမ်း အတွင်းသို့ အမြန်နှုန်း တစ်နာရီ မိုင် ၅၆၀၀ ဖြင့် ပစ်သွင်းပြီး စမ်းသပ် ခဲ့ရာ၌ ရေရှိကြောင်း ဒုံးကျည် နောက်မှ လိုက်လာသော လ စူးစမ်းရေးယာဉ် Lunar Crater Obser-vation and Sensing Satellite(LCROSS) က မှတ်တမ်းတင်နိုင်ခဲ့သည်။ အခြား လပတ်ယာဉ်များကလည်း ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည်။

ယင်းရရှိခဲ့သော အထောက်အထားများကို ဆက်လက်လေ့လာပြီးနောက် ယခုနှစ် အောက်တိုဘာလတွင်မှ Science ဂျာနယ်တွင် တွေ့ရှိမှု အသေးစိတ်ကို ထပ်မံဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ လေ့လာမှုအရ ဒုံးကျည် ပစ်လွှတ် စမ်းသပ်ခဲ့သော လျှိုမြောင် ချိုင့်ဝှမ်းအတွင်းရှိ သတ္တုဒြပ်စင် အားလုံး၏ ၅ ဒသမ ၆ ရာခိုင်နှုန်းမှာ ရေခဲဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ရေခဲပြင်တွင် လပေါ်၌ လူတို့ နေနိုင်ရန် ရေနှင့်အောက်စီဂျင် ပေးနိုင်စွမ်း ရှိသလို ရော့ကတ်လောင်စာ အတွက်လည်း ဟိုက်ဒရိုဂျင် ပေးနိုင်စွမ်းရှိသည်ဟု ဆိုသည်။ ဒုံးကျည်စမ်းသပ် ပစ်လွှတ်ရာမှ ထွက်လာသော အမှုန်အမွှားများထဲတွင် အယ်လ်ကိုဟော၊ မီသိန်း၊ အမိုးနီးယားနှင့် ငွေသတ္တုများပါ ပါဝင်သည်ကို တွေ့ခဲ့ရပြီး ရေခဲ ၁၀၀ ဂရမ်လျှင် အယ်လ်ကိုဟော ၁ ဒသမ ၅၅ ဂရမ် ပါဝင်ကြောင်းပါ တွေ့ရှိခဲ့ရသည်။

Source: EMG