Monday, February 21, 2011

ငပလီ ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကမ်းခြေ သာယာ လှပရေး အတွက် အမတ ဟိုတယ်က ကမ်းခြေ တစ်လျှောက် အမှိုက်များ လိုက်လံ သိမ်းဆည်း

0 Comment
ခင်နွယ်ဝင်း


မြန်မာနိုင်ငံ၏ အထင်ကရ ကမ်းခြေ တစ်ခုဖြစ်သည့် ငပလီ ကမ်းခြေ တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး နှင့် ကမ်းခြေ သာယာ လှပရေး အတွက် “Keep Our Beach Clean” အမည်ဖြင့် ကမ်းခြေ တစ်လျှောက်မှ အမှိုက်များ မိမိ အစီအစဉ် ဖြင့် လိုက် လံ သိမ်းဆည်းခြင်း ကို အမတဟိုတယ် က စတင် ဆောင်ရွက် လျက်ရှိသည်။

အမတ ဟိုတယ်က ဟိုတယ် အနီးဝန်းကျင်ရှိ အမှိုက် သရိုက်များ၊ ပလပ်စတစ် အိတ်များ၊ ပုလင်း ကွဲများ လိုက်လံ သိမ်းဆည်းခြင်း ကို ဇန်န၀ါ ရီမှစ၍ ၀န်ထမ်း ၁၅ ဦး ခန့်ဖြင့် တစ် ရက်ခြား တစ်ကြိမ် ဆောင်ရွက် နေခြင်း ဖြစ်သည်။ “ငပလီ ကမ်းခြေ တစ် လျှောက်ဆို ၁၄ မိုင် လောက် ရှိတော့ ကမ်းခြေ အစ အဆုံး တစ်ခုလုံး အထိ လိုက်ကောက် နိုင်ခြင်း မရှိသေးပါဘူး။ အမတ ဟိုတယ်နှင့် ပတ်ဝန်းကျင် ကမ်းခြေ တစ်လျှောက် လောက်ပဲ လုပ်နေ ပါတယ်။ အခု အချိန်က ဧည့် သည် အလာ များတဲ့ အချိန် ဆိုတော့ နံနက်ခင်း ပိုင်းပဲ ဒီ အစီ အစဉ်ကို လုပ် နေ တာပါ။ ဧည့်သည် နည်းတဲ့ ရက် တွေဆို ညနေပိုင်း မှာပါ လုပ်သွား မှာ ပါ” ဟု အမတ ဟိုတယ်မှ တာဝန်ရှိ သူ တစ်ဦးက ပြောကြားသည်။ “မြန်မာ နိုင်ငံရဲ့ ကမ်းခြေ တွေထဲမှာ ငပလီ ကမ်းခြေ ဟာ နိုင်ငံခြား သား အများ ဆုံး လာရောက်တဲ့ ကမ်းခြေ ဖြစ်ပြီး အဓိက လာရောက် တဲ့ အကြောင်းရင်း ကလည်း သဘာဝ ပတ်ဝန်းကျင် သန့် ရှင်း လှပမှု ကြောင့် ဖြစ်ပါတယ်။ ဒါ ကြောင့် ငပလီ ကမ်းခြေ သန့်ရှင်းသာ ယာ အောင် သက်ဆိုင်ရာ ဟိုတယ် တွေ နဲ့ ဒေသခံ ပြည်သူ တွေက ၀ိုင်းဝန်း ထိန်းသိမ်း သွားဖို့ လိုအပ် ပါတယ်” ဟု ဆက်လက် ပြောကြား သည်။

အဆိုပါ အစီအစဉ် ကို ငပလီ ကမ်းခြေ ရှိ အခြား ဟိုတယ် များက လည်း စိတ်ပါ ၀င်စား လျက် ရှိပြီး ပူး ပေါင်း ပါဝင် ဆောင်ရွက်ရန် အလား အလာ ရှိကြောင်း နှင့် အမတ ဟိုတယ် သည် ၂၀၀၉ ခုနှစ် တွင် Asean Green Award Hotel ဆုရရှိခဲ့ သည့် ဟိုတယ် ဖြစ်ကြောင်း သိရသည်။


Source: MP