Monday, December 20, 2010

စစ်တွေရေနက်ဆိပ်ကမ်းစီမံကိန်း ဆိပ်ကမ်းမြေနေရာအတွက် လူလုပ်ကုန်းမြေတည်ဆောက်မှုစတင်

0 Comment
စစ်တွေ၊ စစ်တွေရေနက်ဆိပ်ကမ်းစီမံ ကိန်း ဆိပ်ကမ်းမြေနေရာအတွက် ကုလား တန်မြစ်ရှိ ဖောင်တော်ကြီးနှင့် မင်းကြီး ကျောက်တန်း ဖောင်တော်အကြား မြေ နေရာသုံးဧကတွင်  ကျောက်စီသဲစုခြင်း ဖြင့် လူလုပ်ကုန်းမြေ စတင်တည်ဆောက် ပြီဖြစ်ကြောင်း သိရသည်။

ယခုအခါကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်းနှင့် စစ်တွေရေနက် ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းများ ကို နိုဝင်ဘာလ လယ်ခန့်မှ စတင်ဆောင် ရွက်လျက်ရှိပြီး လုပ်ငန်းများ ကြီးကြပ် ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံ အက်ဆာ ကုမ္ပဏီမှ အခြေစိုက်ရုံးခွဲကို စစ်တွေတွင် ဖွင့်လှစ် ထားရှိပြီးဖြစ်ကြောင်း သိရသည်။ ထို့အတူ တန်ချိန် ၆၀၀၀ သင်္ဘောကြီးများ ဆိုက်ကပ်ကုန်တင်ကုန် ချပြုလုပ်နိုင်မည့် ဆိပ်ခံတံတားတည် ဆောက်ရန် အတွက် ဆိပ်ကမ်းနယ်မြေ အတွင်းမြေသားစမ်းသပ်မှုများကိုလည်း ကျွမ်းကျင်သူများဖြင့် ဆောင်ရွက်လုပ် ကိုင်လျက် ရှိနေပြီဖြစ်သည်။

စစ်တွေရေနက်ဆိပ်ကမ်းစီမံကိန်း မှာ အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်မူဝါဒအရ စတင်ကမ်းလှမ်းလာ ခြင်းဖြစ်ပြီး စစ်တွေရေနက်ဆိပ်ကမ်းမှ တစ်ဆင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း ဒေသရှိ မီဇိုရမ်ပြည်နယ်သို့ ကုန်ပစ္စည်း များ လွယ်လင့်တကူတင်ပို့နိုင်ရန်နှင့် ထွက်ကုန်များကို ဥရောပနှင့် အရှေ့ တောင်အာရှနိုင်ငံများသို့ တင်ပို့နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။ 

စစ်တွေ ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ကုလား တန်မြစ်ကြောင်းဖွံ့ဖြိုးရေးစီမံကိန်းနှင့် ဆက်စပ်လျက်ရှိပြီး စစ်တွေရေနက်ဆိပ် ကမ်းအတွက် တန် ၆၀၀၀သင်္ဘောများ ဆိုက်ကပ်နိုင်ရန် ဆိပ်ခံတံတားတည် ဆောက်ခြင်းလုပ်ငန်း၊ ကွန်တိန်နာကုန် သေတ္တာများ အတင်အချလုပ်ရန်နှင့် ထား ရှိနိုင်ရန် ဂိုဒေါင်များတည်ဆောက်ခြင်း အတွက် ဆိပ်ကမ်းမြေနေရာဖော်ထုတ် ခြင်းလုပ်ငန်းများကို တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ ထို့အတူ စစ် တွေမှ အိန္ဒိယ-မြန်မာနိုင်ငံနယ်စပ် စက် ပစ်မြင်အထိ၊ ၂၂၅ကီလိုမီတာဝေးကွာ သည့် ကုလားတန်မြစ်ကြောင်းတစ် လျှောက်ရေကြောင်းအား ကုန်တင် သင်္ဘောငယ်များ အခက်အခဲမရှိ ရာသီ မရွေးသွားလာနိုင်ရန် ရေကြောင်းရှင်း လင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း သိရသည်။ ဤလုပ်ငန်း တွင် ကုလားတန်မြစ်ဝရှိ လေးရှင်းတောင် မီးပြအပြင်ဘက်ရှိ သောင်(သဲခုံတန်းတူး ဖော်ခြင်း)အပါအ၀င် ကုလားတန်မြစ် ကြောင်းတစ်လျှောက် သဲသောင် ၃၀ အားဖယ်ရှားတူးဖော်ခြင်း၊ ကျောက် သောင် ၁၀ခုတို့အား မိုင်းခွဲဖယ်ရှားခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်ရှိပြီး ကုန်း ပေါ်ရေကြောင်းပြအမှတ်အသား အခု ၆၀တပ်ဆင်ခြင်း၊ မြစ်ကြောင်းရေကြောင်း ပြဗော်ယာ ၁၅ခုချထားခြင်းတို့ကို လုပ် ဆောင်ရမည့်အပြင် ကျောက်တော်၊ ပ လက်ဝနှင့် စက်ပစ်ပြင်တို့၌လည်း ဆိပ် ခံတံတားများတည်ဆောက်သွားရန်ရှိ ကြောင်း သိရသည်။

Source: YMG