Wednesday, November 17, 2010

ကိုယ်ဝန်ဆောင်စဉ် အကိုက်အခဲပျောက်ဆေးသုံးစွဲပါက မွေးဖွားလာမည့် သားယောက်ျားလေးတို့တွင် မျိုးပွားမှုဘေးဥပဒ်တွေ့နိုင်

0 Comment
ကိုယ်ဝန်ဆောင်အမျိုးသမီးတို့သည် ပါရာစီတမော နှင့် အက်စပရင်တို့ ကဲ့သို့သော အကိုက်အခဲပျောက် ဆေးများကိုသောက်သုံးပါက မွေးဖွား လာမည့် ယောက်ျားလေးတို့တွင် မျိုးအောင်ခြင်း ဘေးဥပဒ်နှင့် ကြုံတွေ့ ရနိုင် ဖွယ်ရှိသည်ဟု သုတေသနပညာရှင်တို့က သတိပေးပြော ကြားခဲ့ သည်။
 
သုတေသနပညာရှင်တို့၏ ရှာဖွေတွေ့ရှိချက်အရ ကိုယ်ဝန်ဆောင် အမျိုး သမီးတို့ အနေဖြင့် အကိုက်အခဲ ပျောက်ဆေးများကို ကာလရှည်ကြာစွာ သုံးစွဲခြင်း အားဖြင့် မွေးဖွားလာမည့် သားယောက်ျား လေး၏ လိင်အင်္ဂါဖွံ့ဖြိုးတိုးတက် မှုကို ထိခိုက်စေဖွယ်ရှိသည်ဟု ဆိုသည်။


အထူးသဖြင့် မွေးဖွားလာမည့် သားယောက်ျားလေး၏ဝှေးစေ့တွင် သုက်ပိုး အရည်အသွေးကို ညံ့ဖျင်း စေခြင်း နှင့် အသက်အရွယ် ကြီးရင့်လာသည့်အချိန်တွင် ဝှေးစေ့ ကင်ဆာဖြစ်ပွားစေခြင်းတို့ဆီသို့ ရှေးရှုစေ နိုင်မည် ဟု ဆိုသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတို့ အနေဖြင့် အကိုက်အခဲပျောက်ဆေးတစ်မျိုးထက် ပိုမိုသုံးစွဲပါက သားယော က်ျားလေးတွင် ဘေးဥပဒ်ဖြစ်ပွားမှုမှာ ခုနစ်ဆခန့်တိုး ပွားလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကာလလေးလ မှ ခြောက်လကြားတွင်မူ ခံနိုင်ရည်စွမ်းအား အနည်းဆုံးအဆင့်ပင်ဖြစ်သည်ဟု ဆိုသည်။

အကိုက်အခဲပျောက်ဆေးကို နှစ် ဆသောက်သုံးသည့် ကိုယ်ဝန်ဆောင်အမျိုး သမီးသည် လုံးဝမ သောက် သုံးသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးထက် မွေးဖွားလာမည့် ကလေးတွင် ဘေးဥပဒ်နှစ်ဆကြုံတွေ့ရနိုင် သည်ဟုဆိုသည်။ အကိုက်အခဲပျောက်ဆေး နှစ်မျိုးကို တစ်ပြိုင်နက်တည်း သောက်သုံးပါက ဘေးဥပဒ် ကြုံတွေ့ရနိုင်မှု ၁၆ဆရှိသည် ဟု လေ့လာဆန်းစစ်မှုအရ သိရသည်။     


Source: YMG 


မေဃ၀တီ ဘလော့ဂ်တွင် မကြာမှီ ကျန်းမာရေးကဏ္ဍကို သီးသန့် ဖော်ပြပေးသွားပါမည့်အကြောင်း ကြိုတင်အသိပေးအပ်ပါသည်။