Wednesday, November 10, 2010

ရှိုးပွဲက ရတဲ့ငွေတွေကို ရခိုင်မုန်တိုင်းသင့်ဒေသကိုလှူမယ့် ရတနာမိုင်

0 Comment

ရခိုင်ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့မုန်တိုင်းဂီရိကြောင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ရခိုင် အဆိုတော်မလေး ရတနာမိုင်က လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ မိုင်လေးက ရခိုင်မှာမုန်တိုင်း တိုက်တယ် ဆိုတာနဲ့ အသင်းကနေတစ်ဆင့် လှူဒါန်းခဲ့တယ်။ ထပ်ပြီးတော့လည်း လှူးခဲ့တယ်။ အခုကလ ၁၂ ရက်နေ့မှာ ရှိုးပွဲလုပ်ပြီး ရတဲ့ငွေတွေကိုလည်း မုန်တိုင်းဒဏ်ခံရတဲ့သူတွေကို လှူဖို့ရှိတယ်လို့ ရတာနာမိုင်က ပြောခဲ့ပါ တယ်။ 


The commerce journal မှာဖော်ပြထားတဲ့ အချက်အလက်တချို့ကို ဖော်ပြပေးလိုက်တာပါ။

အခုလို  ရှိုးပွဲလုပ်ပြီး ရရှိလာတဲ့ငွေတွေကို ရခိုင်ပြည်မှ မုန်တိုင်းဒဏ်ခံရတဲ့သူတွေကို လှူဒါန်းဖို့ ကြိုးကြိုးစားစားလုပ်ဆောင်နေတဲ့ ရခိုင်အဆိုတော်မလေး ရတနာမိုင်ကို ကျနော်တို့ မေဃ၀တီ ညီအကိုများမှ အထူးပင် လေးစားဂုဏ်ယူပါကြောင်း ဖော်ပြလိုက်ပါတယ်။