Wednesday, November 17, 2010

ရခိုင်ဒေသ ဂေဟစနစ်ပြောင်းလဲမှု သုတေသနပြုလုပ်မည်

0 Comment
ရန်ကုန်၊ နိုဝင်ဘာ ၁၀- မုန်တိုင်းသင့်ဒေသဖြစ်သော ရခိုင်ဒေသ၏ ဂေဟစနစ် ပြောင်းလဲမှု အခြေအနေ များကို သုတေသနပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငှက်ဝါသနာရှင်အသင်း ဥက္ကဋ္ဌဦးစိုးညွန့်က ပြောသည်။ 

ယင်းသုတေသနပြုခြင်းကို ဒီဇင်ဘာလအတွင်း၌ အသင်းမှ အဖွဲ့နှစ်ဖွဲ့ စေလွှတ်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 


''အသင်းကလွှတ်မယ့်အဖွဲ့နှစ်ဖွဲ့မှာ ဂေဟစနစ်ပျက်စီးသွားတဲ့နေရာကို တစ်ဖွဲ့၊ မူလအတိုင်း ကျန်ရှိနေသေး တဲ့ နေရာကို တစ်ဖွဲ့လွှတ်ပြီး သုတေသနပြုမယ်။ အဲဒီနှစ်ခုကို ယှဉ်ကြည့်ပြီး အစီရင်ခံစာတစ်ခု ထုတ်ပြန်မှာ ပါ''ဟု ဦးစိုးညွန့်က ဆက် လက်ပြောသည်။
 
ယင်းက ထပ်မံ၍ ''မုန်တိုင်းဝင်ပြီဆိုကတည်းက ဂေဟစနစ်တွေကတော့ အနည်းနဲ့ အများပျက်စီးမှာပဲ။ ပတ် ၀န်းကျင်ရော ရေနေ၊ ကုန်းနေသတ္တ၀ါတွေပါ အနည်းနဲ့အများ ထိခိုက်မှာပဲ။ အဲဒီအခြေအနေတွေကို သေ သေချာချာ သိရှိနိုင်စေ ဖို့ ဒီလိုသုတေသနပြုမှာဖြစ်ပါတယ်''ဟု ယင်းက ဆိုသည်။


Source: YMG