
ယင်းသို့ သတိပေး နှိုးဆော်ရာတွင် ကြက်သားများကို မစားသုံးရန်၊ ကြက်များအား စားသုံးခြင်းဖြင့် ထိုရောဂါ ကူးစက်နိုင်ပုံများအပြင် ကာကွယ်စောင့်ထိန်းရမည့် အချက်အလက်များကိုလည်း ပြည့်စုံစွာ ရှင်းလင်းပြောကြားနေကြောင်းကို ဇန်န၀ါရီ ၁၉ ရက်နေ့ နေ့လည်က စစ်တွေမြို့အနှံ့တွင် လော်စပီကာဖြင့် လှည့်လည် ပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။ ထို့အပြင် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင်လည်း ဈေးများအတွင်းရှိ ရောင်းချလျက်ရှိသော ကြက်သားများ ကြက်များကို ဖယ်ရှား ရှင်းလင်း မြေမြုပ်ခြင်းများ၊ ရောင်းချမှုများကို ပိတ်ပင်တားဆီးထားခြင်း၊ ၀ယ်ယူစားသောက်ခြင်းများ မပြုရန် တားမြစ်ခြင်းများ အပြင် ကြက်ခြံများ အားလုံးသို့ ကြက်များနှင့် ပတ်သက်ပြီး ထူးခြားမှု ရှိမရှိကို စောင့်ကြည့်ရန်နှင့် AH1N1 ကြောင့် ဖြစ်ပေါ်လာနိုင်သော လက္ခဏာများကိုလည်း ရှင်းလင်း ပြောကြားလျက် ရှိကြောင်း သိရှိရပါသည်။

အဆိုပါ AH1N1 ရောဂါသည် ကူးစက်တတ်သော ရောဂါ ဖြစ်သဖြင့် သတိထားရန် လိုအပ်ကြောင်း၊ အကယ်၍ ယင်းရောဂါ ကူးစက်ခံရသည်ဟု သံသယရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း သွားရောက် သတင်းပေးကုသမှု ခံယူရန် လိုအပ်ကြောင်းလည်း သိရသည်။ AH1N1 ရောဂါ သည် ကြက်များ၌သာမက ကြက်ဥများ၌လည်း ရှိနိုင်သဖြင့် ကြက်ဥများကိုလည်း မစားသုံးရန် တိုက်တွန်းထားသည်။
ယင်းအပြင် ကြက်ခြံများရှိ ရောဂါလက္ခဏာများ တွေ့ရှိရပါက ထိုကြက်ကို အခြားသော ကြက်များနှင့် ခွဲထားခြင်း၊ သေဆုံးသွားသော ကြက်များကို မြေမြုပ်ခြင်းများကို အထူး သတိထား လုပ်ဆောင်ရန် အသိပေးထားကြောင်း သိရသည်။
Source: EMG
Post a Comment