Wednesday, January 12, 2011

“ရှင်သန်နှိုးထ အာရက္ခ” တေးဂီတဖျော်ဖြေပွဲမှရရှိသည့် ငွေကျပ် တစ်ရာ့တစ်ဆယ့်တစ်သိန်းအား အလိုတော်ပြည့်ဆရာတော်ကြီးထံသို့လှူဒါန်း

0 Comment

၂၀၁၀-ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ လေးဝတီတေးဂီတအဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ ရှင်သန်နှိုးထ အာရက္ခတေးဂီတဖျော်ဖြေပွဲကရရှိတဲ့ ငွေကျပ် တစ်ရာ့တစ်ဆယ့်တစ်သိန်းကို  ပထမအကြိမ်အဖြစ် အလိုတော်ပြည့်ဆရာတော် ဘဒ္ဒန္တအရိယ၀ံသ ထံသို့လှူဒါန်းကြောင်း သိရှိရပါတယ်။

အလှူငွေများကို လေးဝတီတေးဂီတအဖွဲ့မှ ဥက္ကဋ္ဌ ဦးသန်းမောင်၊ ဒု-ဥက္ကဋ္ဌ ကိုထွန်းလိုင် နှင့် အတွင်းရေးမှူး ကိုထွန်းဝင်း တို့က ၂၀၁၁-ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့ ညနေ ၄း၃၀နာရီအချိန်တွင် ရန်ကုန်မြို့ တာမွေမြို့နယ် ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ ကျေးဇူးတော်ရှင် ပြည်တွင်း၊ပြည်ပ နယ်စပ်ဒေသသာသနာပြု အလိုတော်ပြည့်ကျောင်းတိုက်များ၏အဓိပတိ ဘဒ္ဒန္တအရိယ၀ံသ အလိုတော်ပြည့်ဆရာတော်ကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ 

"ရှင်သန်နိုးထ အာရက္ခ" တေးဂီတ အနုပညာပွဲတော်ကို ၂၀၁၀-ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က သုဝဏ္ဏအား ကစားရုံမှာ ဂီရိလေဘေး ရန်ပုံငွေရရှိရေးအတွက်  ပြုလုပ်ကျင်းခဲ့တာဖြစ်ပြီး လူပေါင်း ၆၅၀၀ ကျော်လာရောက် အားပေးခဲ့တယ်လို့လည်း သိရပါတယ်။ အများမကြာမီမှာ တေးဂီတဖျော်ဖြေပွဲ (DVD)ခွေ ထွက်ရှိလာတော့မှာပါ။

Source ကို အလိုတော်ပြည့်မှ ယူသည်။