Sunday, February 13, 2011

၂၀၁၀-ခုနှစ်အတွင်း ရခိုင်တွင် ယာဉ်မတော်တဆမှု ၂၅၈ မှုရှိခဲ့ပြီး သေဆုံးသူ ၅၀ ဦးရှိ

0 Comment

ရခိုင်- ရခိုင်ပြည်နယ် အတွင်း ၂၀၁၀ပြည့်နှစ်တွင် ယာဉ်မတော် တဆ ဖြစ်ပွားမှုပေါင်း ၂၅၈မှုရှိခဲ့ပြီး ၂၀၀၉ ခုနှစ် ဖြစ်ပွားမှုနှုန်းများပြားခဲ့ကြောင်း စစ်တွေမြို့ မော်တော်ယာဉ်ထိန်းသိမ်းရေး တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၀ပြည့်နှစ်အတွင်း ရခိုင် ပြည်နယ်ရှိ ယာဉ်မတော်တဆဖြစ်ပွားမှုများ မှာ စစ်တွေမြို့နယ်တွင် ၂၈မှု၊ ပေါက် တောမြို့နယ် တစ်မှု၊ မင်းပြားမြို့နယ် ၁၃မှု၊ မြောက်ဦးမြို့နယ် ၂၆မှု၊ ကျောက်တော်မြို့နယ် ၁၃ မှု၊ ရသေ့တောင်မြို့နယ် နှစ်မှု၊ ပုဏ္ဏားကျွန်းမြို့နယ် ရှစ်မှု၊ မြေပုံမြို့နယ် လေးမှု၊ ဘူးသီးတောင်မြို့နယ် လေးမှု၊ မောင်တောမြို့နယ် ၃၁မှု၊ ကျောက်ဖြူမြို့နယ် အမှု၂၀၊ ရမ်းဗြဲမြို့နယ် ၃၂မှု၊ သံတွဲ မြို့နယ် ၃၁မှု၊ အမ်းမြို့နယ် ၁၄မှု၊ တောင် ကုတ်မြို့နယ် ၁၅မှု၊ ဂွမြို့နယ် ရှစ်မှုနှင့် မာန်အောင်မြို့နယ် ရှစ်မှုတို့ဖြစ်ကြပြီး ပြည် နယ်တစ်ခုလုံး၌ ဒဏ်ရာရသူစုစုပေါင်း ၄၃၃ ဦးနှင့် သေဆုံးသူဦးရေ ၅၀ထိရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ယာဉ်မတော်တဆဖြစ် ပွားမှုများတွင် ဆိုင်ကယ်တိုက်မှုမှာ အများဆုံးဖြစ်ပြီး ကားတိုက်မှုမှာ ဒုတိယအများ ဆုံးဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ် အတွင်း ယခုနှစ်အတွက် ယာဉ်မတော် တဆဖြစ်ပွားမှုနှုန်းလျော့ကျစေရေးအတွက် သက်ဆိုင်ရာမှ ၀န်ထမ်းအင်အားတိုးချဲ့နိုင် ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Source: YMG